Header Ads

BannerFans.com
Breaking News
recent

ပြည်​မြို့​ရေ​ပေး​ဝေမှု စနစ်​များပြန်​လည်​ မွန်းမံ

ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency)​ချေး​ငွေ ကျပ်​သန်း ရှစ်​ရာ​ကျော်​ဖြင့်​ ပြည်​မြို့အတွင်း ရှိ​ရေ​ပေး​ဝေမှုစနစ်​များကို ပြန်​လည်​မွန်းမံလျှက်​ရှိ​ကြောင်း ပြည်​မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ အင်​ဂျင်​နီယာဌာနခွဲ မှ လက်​​ထောက်​အင်​ဂျင်​နီယာတစ်​ဦးဖြစ်​သူ ဦး​သော်​ဇင်​မင်း က ​ပြောသည်​။

"​မြစ်​​ရေ​ပေး​ရေးကို မူလက ​ရေသန့်​စင်​မှုမရှိဘဲ ဖြန့်​​ဝေခဲ့ရာက​နေ ​ရေသန့်​စင်​စနစ်​နဲ့ ​ပေးမှာ​ပေါ့ ။ မူလရှိပြီးဖြစ်​တဲ့ မြစ်​​ရေတင်​ အမှတ်​ ၁ နဲ့ ၂ ကို အခု​နောက်​ပိုင်း အပိုင်းမခွဲ​တော့ ဘဲ ​ရေစစ်​ကန်​ဝန်း ထဲက ဘဲ ဖြန့်​​ဝေ​ပေး​တော့မယ်​"ဟု ဦး​သော်​ဇင်​မင်းက ဆိုသည်​။ 
ရေ​ပေး​ဝေမှုစနစ်​များ ပြန်​လည်​မွန်းမံရန်​ ​jica ​ချေး​ငွေကျပ်​သန်း ၈၄၆.၉၉ ကုန်​ကျမည်​ဖြစ်​ပြီး WEG ကုမ္ပဏီက တာဝန်​ယူကာ မေလ ၃၁ ရက်​​နေ့တွင်​ အပြီး လုပ်​ငန်း​ဆောင်​ရွက်​မည်​ဖြစ်​သည်​။

 ​ပြည်​မြို့တပ်​လမ်း ၊ ပန်းပဲတန်းလမ်း ၊ စစ်​ကဲလမ်း ၊ ​မြောက်​​စောင်းတန်းလမ်း ၊ အ​ကောက်​တဲလမ်း ၊ ကုန်​သည်​လမ်း ၊ ​ဆွေး​နွေးဘုရားလမ်း ၊ ကမ်းနားလမ်း ၊ ဘုန်းကြီးလမ်း ၊ ​ရွှေတစ်​​ချောင်းလမ်း စသည့်​ ​ရေပိုက်​လိုင်း၁၀ ခုကို အသစ်​ လဲလှယ်​တတ်​ဆင်​​ပေးသွားမည်​ ဖြစ်​သည်​။
"သုံးဆယ်​ကျော်​ ​လေးဆယ်​​ နီးပါးရှိတယ်​ ။ အခုဟာက ဆယ်​လိုင်းဘဲရ​သေးတယ်​ ။ ကျန်​တဲ့ ဟာ​ချေး​ငွေရမှထပ်​ လဲနိုင်​မယ်​" ဟု ၄င်းကဆိုသည်​။
ထို့ပြင်​ ​မူလက အသုံးပြု ​နေ​သော ​ရေတိုင်​များ နှင့်​ တရုတ်​ လုပ်​ ​ရေမီတာများ အစား ​ဂျာမဏီနိုင်​ငံထုတ်​ ​ရေမီတာများကို တတ်​ဆင်​​ပေးမည်​ဖြစ်​ပြီး တစ်​ယူနစ်​ ၃၀၀ ​ကောက်​ခံသွားမည်​ဟု ဦး​သော်​ဇင်​မင်းက​ပြောသည်​။ 

No comments:

icman. Powered by Blogger.