Header Ads

BannerFans.com
Breaking News
recent

န၀ဒေးသကြားစက် အလုပ်ထုတ်ခံရသူများကို နို့တစ်ကြေးတစ်လစာနှင့် အလုပ်ရပ်စဲ မှုနစ်နာကြေးများပေးရန်အမိန့်ချ




ဇွန် ၈ ရက် ။ ပြည် ။
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေးသကြားစက် ရုံ မှ အလုပ်ထုတ်ခံရသော အလုပ်သမားများကို အလုပ်ရှင်က နို့တစ်ကြေးတစ်လစာနှင့် အလုပ်ရပ်စဲမှုနစ်နာကြေးများကိုရက်ပေါင်း ၃၀ အတွင်းပေးချေရန် ပဲခူးတိုင်း အလုပ်သမားခုံသမာဓိအဖွဲ့က အမိန့်ချခဲ့သည်ဟုသိရသည်။




ပဲခူးတိုင်း အလုပ်သမားခုံသမာဓိအဖွဲ့၏ ဇွန်လ ၅ ရက်နေ့ ရက်စွဲပါ ဆုံးဖြတ်ချက်အမိန့်ကို  ပြည်ခရိုင် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက  ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက (၇) ရက်အတွင်းခုံသမာဓိကောင်စီ သို့လျှောက်ထားနိုင်သည်။
အမိန့်စာတွင် အနည်းဆုံးလုပ်ခလစာ နစ်နာကြေး နှင့် အချိန်ပိုနစ်နာကြေး များမပါသည့်အတွက် အလုပ်သမားခုံသမာဓိကောင်စီသို့ဆက်တက်မည်ဟု အလုပ်သမား များဘက်မှ လိုက်ပါဆောင်ရွက်သူ ကိုဇော်ထွန်း (HRDP) ကပြောသည်။
“ကျတော်တို့ ရရန်ရှိတာတွေ ကျန်နေသေးတဲ့ အတွက်နေပြည်တော်ခုံသမာဓိကောင်စီကို ဆက်တက်မယ်”ဟု ၄င်းက ဆိုသည်။
 ပြည်​မြို့နယ် ကုန်းသလင်းကျေးရွာ အုပ်စု မြရွာကျေးရွာ အမှတ် (၁၂) နဝဒေးသကြားစက်တွင် မတ်လ အတွင်းက စက်ရုံအလုပ်သမား ၄၄ ဦးကို လုပ်​သား​လျော့အင်​အား​လျော့သည့်​ အ​နေဖြင့်​ အလုပ်​ရပ်​နားခဲ့သည်။
 အလုပ်​သမားများက  လုပ်​သက်​ဆု ၊ လုပ်​အားဆု ၊  အချိန်​ပိုကြေး များရလို ​ကြောင်း ​တိုင်​ကြားခဲ့ ကြပြီး ပြည်မြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က သုံးကြိမ်တိုင် စစ်ဆေးညှီနှိုင်း ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။ အလုပ်သမား ၃၂ ဦး၏ တိုင်ကြားချက်အရ ပဲခူးတိုင်း အလုပ်သမား ခုံသမာဓိကောင်စီတွင် အငြင်းပွားမှုအမှတ်  (၄/၂၀၁၇) ဖြင့် မေလ ၃၁ ရက်က စစ်ဆေးခဲ့ပြီး ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
နဝ​ဒေးသကြားစက်​ကို ၁၉၉၇ ခုနှစ်​က စတင်​လည်​ပတ်​ခဲ့ပြီး Sutech manufacturing ကုမ္ပဏီလိမိတက်​က ၅၅ ရာခိုင်​နှုန်း၊ အစိုးရမှ ၄၅ ရာခိုင်​နှုန်း အစုစပ်​လုပ်​ကိုင်​ခဲ့သည်​။မြရွာသကြားစက်​တွင်​ အလုပ်​သမား ၂၇၃ ဦး ရှိပြီး လုပ်​သားတစ်​ဦး၏  အ​ခြေခံလစာ ၄၅၀၀၀ ၊ ပံ့ပိုး​ငွေ ၇၅၀၀၀ ရရှိပြီး အချိန်​ပိုကြေး တစ်​နာရီ ၄၃၂ကျပ်​ ရရှိသည်​။

No comments:

icman. Powered by Blogger.