ဖုန်းအရောင်းဆိုင် ၀န်ထမ်းနှစ်ဦး အလုပ်ရပ်နားခံရမှု အတွက် စစ်ဆေး ညှိနှိုင်း
ဖုန်းအရောင်းဆိုင်
ဝန်ထမ်း နှစ်ဦး အလုပ်ရပ်ဆိုင်းခံရမှု အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြိုနယ်
အုပ်ချုပ်ရေးမှူး၌ မေလ ၉ ရက်တွင် မြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ပထမဆုံးအကြိမ်
ညှီနှိုင်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ဓါတ်ပုံကိုဇော်ထွန်း(HRDP)
“သင်္ကြန်ပိတ်ရက်ပြီး နှစ်ဆယ်ရက်နေ့
အလုပ်ဆင်းချိန်မှာ ဆိုင်မဖွင့်တော့ဘူး။ အစည်း အဝေးရှိလို့ခဏနားမယ်ပြောတယ် ။
နှစ်ဆယ့်လေးရက် နေ့ကျတော့ wechat ကနေလှမ်းပြောတယ်။ တစ်ဆိုင်ပိတ်မယ် ။ တစ်ဆိုင်
နားမယ် လို့ ”ဟု အလုပ်ရပ်ဆိုင်းခံရသူ မနှင်းဝေဖြိုးက ဆိုသည်။
Smart Com CO.,lte မှ ဖွင့်လှစ်ထားသော
ဆိုင်ခွဲတစ်ခုဖြစ်သည့် ပြည်မြို့ ဆံတော်ရပ်ကွက် ဗိုလ်ချုပ်လမ်း
မီးရထားဘူတာရှေ့ ရှိ Mobile ဖုန်း အရောင်းဆိုင်သည် ဧပြီ လအတွင်းက
လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ၀န်ထမ်း များအလုပ်ရပ်ဆိုင်းခဲ့ရသည်။
အလုပ်ရပ်ဆိုင်းခံရသူ
မောင်ကောင်းထက်ကျော်နှင့် မနှင်းဝေဖြိုးတို့ က ပြည်မြို့နယ်
အလုပ်သမားဖြန်ဖြေရေးအဖွဲ့သို့ တိုင်တန်းခဲ့သဖြင့် အလုပ်ရှင်
အလုပ်သမားနှစ်ဖက်စလုံးကို ခေါ်ယူစစ်ဆေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အလုပ်ရပ်ဆိုင်းမည်ဟု ကြိုတင်
အကြောင်းမကြားခြင်း ၊ အချိန်ပိုကြေးတစ်နာရီ သတ်မှတ်ကြေး (၉၀၀) မပြည့်မှီဘဲ
၅၀၀ကျပ်သာရရှိ ခဲ့ခြင်း ၊ အစမ်းခန့်ကာလ ၆လ အထိ လစာငွေကျပ် ၈ သောင်းသာရရှိခဲ့ခြင်း
၊ အခြေခံလစာ သတ်မှတ်ကြေး (၁၀၈၀၀၀) မပြည့်မှီဘဲ လစာငွေ ကျပ် ၁ သိန်းသာ ပေးထားခြင်း
စသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးရန် ၀န်ထမ်းနှစ်ဦးက တိုင်ကြားခဲ့သည်။
ဝန်ထမ်းနှစ်ဦးက တစ်ဦးလျှင်
နစ်နာကြေး (၄၃၂၀၀၀) ကျပ်စုစုနှစ်ဦးအတွက် နစ်နာကြေးငွေကျပ် (၈၆၄၀၀၀) ကျပ်
တောင်းခဲ့သော်လည်း အလုပ်ရှင် ကိုယ်စားလှယ်က နှစ်ဦးပေါင်း ငွေကျပ် (၃) သိန်းကျပ်သာ
ပေးခဲ့သည်။ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က (၆၄၀၀၀၀) ကျပ်ပေးရန်
ဝင်ရောက်ညှိနှိုင်းခဲ့သော်လည်း အလုပ်သမားများက လက်မခံသဖြင့် ထိုအမှုကို မေလ ၁၁
ရက်နေ့တွင် ဒုတိယအကြိမ်စစ်ဆေးရန်ပြန်လည်ချိန်းဆိုခဲ့သည်။
No comments: