Header Ads

BannerFans.com
Breaking News
recent

န၀ဒေးတံတားအနီး ဧ၇ာဝတီမြစ်ကမ်းနားသို့ လုပ်ငန်းသုံး အမှိုက်များ စွန့်ပစ်သူကို ငွေတစ်သောင်း ဒဏ်ရိုက်



မေလ ၉ ရက်​က ပဲခူးတိုင်း ပြည်​ခရိုင်​ ပြည်​မြို့  နဝ​ဒေးတံတား အနီး ဧရာဝတီမြစ်​ကမ်းနား သို့ လုပ်​ငန်းသုံး အမှိုက်​ စွန့်​ပစ်​သူကို စည်​ပင်​သာယာအဖွဲ့က ​ငွေတစ်​​သောင်း ဒဏ်​ရိုက်​ခဲ့​ကြောင်းပြည်​ မြို့ နယ်​စည်​ပင်​ သာယာ​ရေး​ကော်​မတီ အဖွဲ့ဝင်​ ​ဦး​အေးချိုက​ပြောသည်​။ 

"စည်​ပင်​က စီမံခန့်​ခွဲမှု ဒဏ်​​ကြေး အ​နေနဲ့ ​ငွေတစ်​​သောင်းဒဏ်​ရိုက်​လိုက်​တယ်​"ဟု ပြည်​ မြို့ နယ်​စည်​ပင်​ သာယာ​ရေး​ကော်​မတီ အဖွဲ့ဝင်​ ​ဦး​အေးချိုက​ဆိုသည်​။



မေလ ၉ ရက်​​နေ့ မနက်​ပိုင်းက ​ကို​ရွှေ​တောင်​ဆိုသူသည်​နဝ​ဒေး တံတားအနီး ကားလမ်းမ​ဘေးမှ မြစ်​ကမ်း​ဘက်​သို့  တွန်းလှဲဖြင့်​ အမှိုက်​​များသွန်​ချ ခဲ့သည့်​အတွက်​  မြို့နယ်​စည်​ပင်​သာယာ​ရေးက ဆံ​တော်​ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးရုံးသို့​ခေါ်ယူညှိနှိုင်းခဲ့ပြီး ဒဏ်​​ကြေး​ငွေတစ်​​သောင်းချမှတ်​ခဲ့ခြင်းဖြစ်​သည်​။ 

၎င်း အမှိုက်​များသည်​ ပြည်​မြို့လမ်းရှည်​လမ်းရှိ မှန်​ဆိုင်​လုပ်​ငန်းတစ်​ခု မှ အမှိုက်​များဖြစ်​ပြီး အမှိုက်​စွန့်​ပစ်​ခိုင်းသူကို ​ခေါ်ယူသတိ​ပေးသွားမည်​ဟုစည်​ပင်​​ကော်​မတီအဖွဲ့ဝင်​ က​ဆိုသည်​။ 

လုပ်​ငန်းသုံး အမှိုက်​များစွန့်​ပစ်​လိုပါက မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့သို့ တရားဝင်​ လိုင်​စင်​တင်​ ခွင့်​ပြု ချက်​​တောင်းခံနိုင်​သည်​။ ထို့ပြင်​ ပြည်​မြို့ သ​င်္ဘောဆိပ်​လမ်း နှင့်​ ကမ်းနားလမ်း ​ထောင့်​မှ အမှိုက်​ကန်​တွင်​ လည်း ည၆ နာရီ မှ နံနက် ၆ နာရီအတွင်း လုပ်​ငန်းသုံးအမှိုက်​များစွန့်​ပစ်​နိုင်​သည်​။



No comments:

icman. Powered by Blogger.