ပြည်မြို့ အရန် မီးသတ်တပ်ဖွဲ့ ၇ ခုအတွက် ဆီမီးသတ် ပစ္စည်းများပေးအပ်လှူဒါန်း
ပဲခူးတိုင်း
ပြည်ခရိုင် ပြည်မြို့တွင် လောင်စာဆီသိုလှောင်ရောင်းချသည့် ဆိုင်များမီးလောင်မှုဖြစ်ပါက
အသုံးပြုနိုင်သည့် ဆီမီးသတ်ပစ္စည်းများကို အရန်မီးသတ်တပ်ဖွဲ့ ၇ ခုအတွက် မေလ ၂၂ ရက်က
ပေးအပ်လှူ ဒါန်းပွဲ ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီ
လ ၁၈ ရက်က ပြည်ခရိုင် ပေါက်ခေါင်းမြို့ ဖြိုး စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုတွင်
ဆီမီးသတ်ပ္စည်းများ အစုံအလင် မရှိသည့်အတွက် မလိုအပ်ဘဲတစ်ဆိုင်လုံးပြာကျသွားခဲ့ရပြီး
အရန်မီးသတ်တပ်ဖွဲ့များကို ဆီမီးသတ်ပစ္စည်းများတတ်ဆင်ပေးရန် အတွက် ယခုကဲ့သို့ အခမ်းအနား
ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ပြည် မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
“အလားတူ
case ရှိလို့ရှိရင် နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်အောင် ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်များက
အကြံပြုတယ်။ ကောင်းမွန်တဲ့ အကြံဖြစ်တဲ့အတွက် မြို့နယ်အတွင်းမှာရှိတဲ့စက်သုံးဆီအရောင်းဆိုင်တွေကို
ခေါ်ယူ တွေ့ဆုံရှင်းလင်းပြီး တတ်ဆင် လိုတဲ့အကြောင်းမေတ္တာရပ်ခံတဲ့အပေါ်မှာ လုပ်ငန်းရှင်များက
လည်းတက်တက် ကြွကြွနဲ့ ၀ိုင်းဝန်းကူညီခဲ့ကြတယ်”ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှူ က ဆိုသည်။
ထိုနေ့မနက်
၁၀ နာရီက ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ပုလဲသီတာခန်းမတွင် ဆီမီးသတ်ပစ္စည်းများ
ပေးအပ်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ လွှတ်တော်ကိုယ်စားလှယ်များ
၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ၊ စက်သုံးဆီဆိုင် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆံတော်အရန်မီးသတ်
၊ ရွှေကူအရန်မီးသတ် ၊ ခေတ္တရာအရန်မီးသတ် ၊ ကျောင်းကြီးအိုးတန်း အရန်မီးသတ် ၊ ခရမ်းကုန်း
အရန်မီးသတ် ၊ ၀က်ထီးကန် အရန်မီးသတ် ၊ ပေါင်းတလည်
အရန်မီးသတ် စခန်းများအတွက် FORMနော်ဇယ် (၁)ခုစီ နှင့် ဆေးရည် (၅)ဂါလံတစ်ပုံးစီ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆီမီးသတ်ပစ္စည်းများ
ဝယ်ယူနိုင်ရန် ငွေကြေးလှူဒါန်းခဲ့သည့် ဆီဆိုင်လုပ်ငန်းရှင်များ ကိုလည်းကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
No comments: