၁၇ လက်မ ဓားနဲ့ ရဲကို ပြန်ထိုးတဲ့ လူရမ်းကားတစ်သိုက်ကို ၁၂ ဗို့ ပြောင်းချောသေနတ်နဲ့ပစ်ဖမ်း
၁၇ လက်မ ဓားနဲ့ ရဲကို ပြန်ထိုးတဲ့ လူရမ်းကားတစ်သိုက်ကို
၁၂ ဗို့ ပြောင်းချောသေနတ်နဲ့ပစ်ဖမ်း
==========================================
ပြည် ၊ မတ် ၁၂
ဓားကိုင်ပြီး "ကြိုက်တဲ့ကောင် ငါ့နောက်လိုက်ခဲ့၊ လိုက်တဲ့ကောင်
ထိုးသတ်မယ်" လို့ စိန်ခေါ်၊ ရဲကိုဓားနဲ့ထိုးတဲ့ လူ ၃ ဦးကို ၁၂
ဗို့ပြောင်းချော သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ဖြစ်စဉ်တစ်ခု
မနေ့က ပြည်မြို့မှာဖြစ်ပွားခဲ့ပါတယ်။
မတ် ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်က ပြည်မြို့၊
ပြည်သာယာရပ်ကွက်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က နယ်မြေလှည့်ကင်း
တာဝန်ဆောင်ရွက်နေတုန်းမှာ လူ ၃ ဦးစီးနင်းလာတဲ့ဆိုင်ကယ်
တစ်စီးကနေ ဓားကိုင်ထားတဲ့လူတစ်ယောက်က "ကြိုက်တဲ့ကောင်
ငါ့နောက်လိုက်ခဲ့၊ လိုက်တဲ့ကောင် ထိုးသတ်မယ်" လို့ ပြောဆို
ကြိမ်းမောင်းပြီး ထွက်ပြေးသွားခဲ့ကြောင်း ၊ ယင်းသို့ထွက်ပြေးပြီး
အနီးနားမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို "လိုက်ခဲ့လေကွာ" လို့ ထပ်မံ
ပြောဆိုခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ထံကနေ
သိရပါတယ်။
ရဲတပ်ဖွဲ့က အဆိုပါ ဆိုင်ကယ်ကို လိုက်လံတားဆီးပြီးရပ်တံ့ခိုင်း
ခဲ့ကြောင်း၊ တစ်နေရာအရောက်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးစီးလာတဲ့
ဆိုင်ကယ်က မှီကာနီးအချိန် ရပ်တန့်ဖို့အော်ဟစ်သတိပေးခဲ့ပေမယ့်
ရပ်တန့်မပေးဘဲ အဆိုပါ လူ၃ ဦးစီးနင်းလာတဲ့ဆိုင်ကယ်ပေါ်ပါ
လူတစ်ယောက်ကနေ အရိုးအသွား ၁၇ လက်မရှိတဲ့ ဓားနဲ့ ရဲတပ်ဖွဲ့
ဆိုင်ကယ်ကို နောက်ပြန်လှမ်းထိုးတာကြောင့် ( ၁၂ ဗို့ ပန့်အက်ရှင် )
ပြောင်းချောသေနတ်၊ ရာဘာကျည် တစ်တောင့်ထိုးပြီး ပစ်ခတ်
ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါပေမဲ့ ရပ်တန့်မပေးဘဲ ဆက်လက်မောင်းနှင်သွားတာကြောင့် ရဲတပ်ဖွဲ့
က လိုက်လံ ဖမ်းဆီးခဲ့ရပြီး နောက်ဆုံး ပြည်-အောင်လံ တိုးဂိတ်
အနီးနားမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲကဆိုပါတယ်။
အဆိုပါ ၃ ဦးစလုံးဟာ အရက်သေစာသောက်စားထားတယ်လို့
သိရပါတယ်။
ဓါးကိုင်ပြီး ပတ်ဝန်းကျင်ကို ရန်ပြုကြိမ်းမောင်းပြောဆိုကာ အများပြည်သူ အထိတ်တလန့်ဖြစ်အောင်၊ ငြိမ်ဝတ်ပိပြားမှု ထိခိုက်အောင် ပြုလုပ်ခဲ့ပြီး တာဝန်အရတားဆီးဆောင်ရွက်တဲ့ လှည့်ကင်းရဲတပ်ဖွဲ့ဝင်တွေကို
ဓါးနဲ့ပြန်ထိုးတဲ့ နေဆန်း(အသက် ၂၄) ၊ဆိုင်ကယ်အလယ်က စီးနင်း
လိုက်ပါသူ ထက်ပိုင်ဖြိုး(အသက် ၂၃) ၊ ဆိုင်ကယ်မောင်းနှင်သူ
ကောင်းမြတ်လင်း (အသက် ၂၃) တို့ကို လက်ရှိ ပြည်မြို့နယ်၊ အမှတ်
(၃)နယ်မြေရဲစခန်းမှာ (ပ) ၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၁၁၄ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
AF-178
Photo-ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့
#ပြည်သတင်းစဉ်
09798259649
No comments: