ပြည်မြို့တွင် ပထမဆုံးအကြိမ် အနောက်တိုင်းလက် ဝှေ့သင်တန်း ဆင်းပွဲ နှင့် လက်ရည်စမ်း ထိုးသတ်ပွဲများပြုလုပ်
ပဲခူးတိုင်းပြည်ခရိုင်
ပြည်မြို့တွင် မေလ ၂၄ ရက်က ပထမဆုံးအကြိမ်အဖြစ်
အနောက်တိုင်း လက်ဝှေ့သင်တန်းဆင်းပွဲ နှင့်လက်ရည်ထိုးသတ်ပွဲများပြုလုပ်ခဲ့သည်။
“ပျောက်လုနီးပါးဖြစ်နေတဲ့
အနောက်တိုင်းလက်ဝှေ့သင်တန်းတွေကို နွေရာသီကျောင်းပိတ်ရက်တွေမှာ ရပ်ကွက်အလိုက် ကလေးတွေကို
ခေါ်ပြီးသင်တန်းပေးခဲ့တယ်။ လက်ဝှေ့ပညာ ကို မတိမ်ကော အောင်လက်ဆင့်ကမ်းပေး သဘောပါ”ပြည်မြို့နယ်လက်ဝှေ့ဆပ်ကော်မတီဝင်တစ်ဦးက
ဆိုသည်။
ထိုနေ့ နေ့လည်
၎ နာရီက ပြည်မြို့နယ်လက်ဝှေ့ဆပ်ကော်မတီ ၏ အခြေခံလက်ဝှေ့ သင်တန်းဆင်းပွဲ အခမ်းအနားကို
ယဉ်ကျေးမှုပြဇာတ်ရုံတွင် ပြုလုပ်ခဲ့ပြီး သင်တန်းသား ၄၂ ဦးကို သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ခဲ့ပြီး
၊ လက်ရည်စမ်းထိုးသတ်မှု ၃ ချီ ၁၀ ပွဲ ပြုလုပ်ခဲ့သည်။
ပြည်မြို့တွင်
၁၉၉၈ ခုနှစ် မှစ၍ ဆယ်စုနှစ် နှစ်ခု ကြာ လက်ဝှေ့ပြိုင်ပွဲများ ၊ လက်ဝှေ့သင်တန်းများမပြုလုပ်ဖြစ်ခဲ့ပေ။
ယခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌါန၏ညွှန်ကြားချက်အရ လူငယ်လူရွယ်များကို နွေရာသီအားကစား သင်တန်းပေးသည့်အနေဖြင့်
စွန်ရဲ လက်ဝှေ့ ကလပ်နှင့် ၊ ရွှေကျားလက်ဝှေ့ ကလပ် များမှ သုံးလ သင်တန်းပေးခဲ့ခြင်းဖြစ်သည်။
No comments: