ပြည်မြို့ ရွှေဆံတော်စေတီတော် ဂေါပကအဖွဲ့ရုံးသို့ အိတ်ဖွင့်ပေးစာ 🚯🚱🚮🚻📳♿⛔🔞🚭🚮🚯
ပြည်မြို့ ရွှေဆံတော်စေတီတော်
ဂေါပကအဖွဲ့ရုံးသို့ အိတ်ဖွင့်ပေးစာ
🚯🚱🚮🚻📳♿⛔🔞🚭🚮🚯
သမိုင်းဝင်စေတီတော်ကြီးဖြစ်တဲ့
ရွှေဆံတော်စေတီတော်ဟာ
အနယ်နယ်အရပ်ရပ်ဘုရားဖူးဧည့်သည်တော်တွေ နှစ်စဉ်မပြတ်အမြဲလာရောက်ဖူးမျှော်လေ့ရှိတဲ့တန်ခိုးကြီးစေတီတော်တစ်ဆူအဖြစ်ထင်ရှားစွာလူသိများကြပါတယ်။
မြန်မာ့သမိုင်းထဲက ဖိနပ်တိုက်ပွဲ ဟာ
ရွှေဆံတော်စေတီတော်ရဲ့
"နိုင်ငံခြားသားများမှလွဲ၍ဖိနပ်မစီးရ"
ဆိုတဲ့ ဆိုင်းဘုတ်ကို ရှေ့နေကြီးဦးသိန်းမောင် မြင်ခဲ့ပြီးမကျေနပ်ရာက စခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ်။
အခုလက်ရှိရွှေဆံတော်ဘုရားဂေါပကအဖွဲ့အပြောင်းအလဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုကို တောင်းဆိုချင်ပါတယ်။
ဗုဒ္ဓဘာသာဝင်များရဲ့အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘုရားစေတီရဲ့ရင်ပြင်တော်ပေါ်သို့ စကပ်တို၊ဘောင်းဘီတို၊လယ်ဟိုက်အင်္ကျီ ၊ကျောပေါ်အင်္ကျီ ၊ ဘောင်းဘီဖင်ကျပ် အစရှိတဲ့ လျှပ်ပေါ်လော်လီသော အဝတ်အစားများနဲ့လာရောက်ခြင်းကို ကန့်သတ်တားဆီးပေးစေချင်ပါတယ်။
ကိုယ့်ဘာသာ ကိုယ့်သာသနာတော်ရဲ့
ဂုဏ်ကို ကိုယ့်ဘာသာဝင်များက အလေးအနက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ယိုသူမရှက် မြင်သူရှက် အဝတ်အစားတွေကို အခြားသော မြန်မာနိုင်ငံအရပ်ရပ်က ဘုရားစေတီပုထိုးတွေမှာ ကန့်သတ်ထိန်းချုပ်ထားတာကို မြင်ရတိုင်း ကိုယ့်ပြည်မြို့က ရွှေဆံတော်စေတီတော်မြတ်ကြီးကိုလည်း ဒီလိုအလေးအမြတ်ထားဆောင်ရွက်တာမျိုးကို မြင်ချင်တွေ့ချင်ခဲ့တာ ကြာပါပြီ။ပြည်သူပြည်သားတိုင်းရဲ့ရင်ထဲမှာလည်း ဒီလိုစိတ်ဆန္ဒရှိကြလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ်။
ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအရ နှစ်သက်ရာဝတ်စားဆင်ယင်ပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ဒါပင်မယ့် မိမိကိုးကွယ်ရာဘာသာတရားနဲ့ပက်သက်တဲ့ အဆောက်အဦး နေရာ ပွဲတော် တွေမှာတော့ မြန်မာမူ့ မြန်မာဟန် မြန်မာ့ ယဉ်ကျေးမှု့တွေကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်သင့်ပါတယ်။ ပြည်မြို့အနီးတစ်ဝိုက်က ဘုရားဖူးပုဂ္ဂိုလ်အတော်များများကတော့ ဘုရားဖူးသွားရင်ယဉ်ကျေးစွာဝတ်ဆင်လာကြတာကို ဝမ်းမြောက်ဖွယ်ရာတွေ့မြင်နေရပါပြီ။သို့သော်လည်း အနယ်နယ်အရပ်ကဘုရားဖူးမိဘပြည်သူတွေကိုရော
ပြည်မြို့ပတ်ဝန်းကျင်မှ အသိပညာအားနည်းသူများကိုပါ ထိန်းချုပ်ကန့်သတ်မှု့ရှိမှာသာ အမြင်မတော်ခြင်းများကို တားဆီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဟိုယခင်ကာလတုန်းဆီက ဆောင်ရွက်ခဲ့ဖူးသော်လည်း တာရှည်မပြုလုပ်ပဲအကြောင်းကြောင်းကြောင့် ရပ်တန့်သွားတယ်လို့ သိရပါတယ်။ဒါကြောင့် ယခုပြန်လည်ဆောင်ရွက်သောအခါမှာ ရည်ရှည်ဆောင်ရွက်ပေးပါရန်တင်ပြချင်ပါတယ်။
အမြင့်မတင့်တယ်သောအဝတ်အစားများဖြင့် ဘုရားဖူးလာရောက်ခြင်းတွေ့ရှိပါက မည်သူမဆို မည်သည့်ပုဂ္ဂိုလ်မဆို မည်သူ့သားသမီးမဆို ယောဂီထမိန်များ ငှါးရမ်းဝတ်ဆင်ပြီးမှသာ ဘုရားရင်ပြင်တော်ပေါ်သို့တက်ရောက်ခွင့်ပြုပါရန်နှင့် ၄င်းကိစ္စရပ်အတွက် ဘုရားအကျိုးတော်ဆောင်အဖွဲ့များ ဝန်ထမ်းများနှင့်ဂေါပကအဖွဲ့တို့ စနစ်တကျပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မည်မှာ မုချသေချာလှပါတယ်။
ဒီလိုထိန်းသိမ်းတားဆီး
ဆောင်ရွက်ခြင်းကြောင့်....
၁။စေတီတော်မြတ်ကြီး၏ဂုဏ်သတင်း ပိုမိုကျော်ဇောခြင်း
၂။မြန်မာ့ရိုးရာယဉ်ကျေးမှု့ကိုထိန်းသိမ်းစောင့်ရှောက်ရာရောက်ခြင်း
၃။ဗုဒ္ဓဘာသာဝင်များအပေါ် အခြားဘာသာဝင်များ၏လေးစားမှု့ရရှိခြင်း
၎။ဘုရားဖူးလာရောက်ကြသူများ၏အမြင်တွင် ပြည်မြို့၏ဂုဏ်သိက္ခာပိုမိုမြင့်တက်လာခြင်း
၅။ဂေါပကအဖွဲ့ရုံး၏ဂုဏ်သိက္ခာ မြင့်တက်လာခြင်း
၆။....
၇။......
........ စသည်... ဖြင့်အကျိုးကျေးဇူးများစွာရှိသော ယခုကိစ္စကိုအမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
"ဗုဒ္ဓသာသနံ စီရံတိဠတု"
"ဗုဒ္ဓဘာသာသာသနာ....
ရောင်ဝါ နေ သို့ လင်းစေသော် "
ပြည်မြို့သားစစ်စစ်
ဖြိုးကျော်
#ပြည်သတင်းစဉ်
09798259649
No comments: