ပြည်ခရိုင် ၆ မြို့နယ် အရန်မီးသတ် ပထမဆုံးအကြိမ် သက်ကြီးပူဇော်ပွဲပြုလုပ်
ပဲခူးတိုင်း ပြည်ခရိုင် အတွင်းရှိမြို့နယ်
၆ ခုမှ အရန်မီးသတ်တပ်ဖွဲ့ ၀င်များ ၏ သက်ကြီးပူဇော်ပွဲကို ပြည်မြို့ ရတနာမာန်အောင်
လေးထပ်မြင် ကွင်း ရှိ အရန်မီးသတ်တပ်ရင်းရုံးတွင် မေလ ၇ ရက် ညနေ ၄ နာရီက
ပြုလုပ်ခဲ့သည်။
“တပ်ဖွဲ့ မှာ စေတနာ ၀ါသနာ အနစ်နာ
ခံပြီးလုပ်ခဲ့တဲ့ အသက် ရှစ်ဆယ်ကျော်မီးသတ်တပ်ဖွဲ့ဝင် ပုဂိုလ်တွေကို
ဂုဏ်ပြုတဲ့အနေနဲ့ ပူဇော်ကန်တော့တာပါ”ဟု အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးအုန်းလွင်က
ဆိုသည်။
ပေါင်းတလည်မြို့မှ အသက် ၈၃ နှစ်အရွယ်
တပ်ခွဲမှူး ဦးကိုလေး ၊ ပေါင်းတည် မြို့မှ အသက် ၉၀ နှစ်အရွယ် ဒုတပ်ခွဲမှူး
ဦးဝမ်သောင်း နှင့် အသက် ၈၅နှစ်အရွယ် တပ်ကြပ်ကြီး ဦးကိုကိုကြီးတို့ကို
အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူဇော်ကန်တော့ခဲ့ခြင်းဖြစ်သည်။
“ဘယ်အစိုးရလက်ထက်မှာမှ အရန်မီးသတ်ကို
အသိအမှတ်ပြုဘူး။ ကိုယ့်အရန်မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း အသိအမှတ်ပြုတဲ့
သဘောနဲ့သက်ကြီးပူဇော်ပွဲလုပ်တာ” မီးသတ်တပ်စုမှူး ကိုမိုးကျော် ကပြောသည်။
အဆိုပါ အခမ်းအနားတွင် ဦးကိုလေး
အားငွေသားတစ်သိန်း ၊ ဦးဝမ်သောင်းနှင့် ဦးကိုကိုကြီးတို့ကို
ငွေသားနှင့်လက်ဆောင်ပစ္စည်းများပူဇော်ကန်တော့ခဲ့ပြီး အခမ်းနားသို့ မီးသတ်တပ်ဖွဲ့ဝင်
အင်အား တစ်ရာကျော်တက်ရောက်ခဲ့ကြသည်။
လာမည့် နှစ်တွင် အသက်၇၅ နှစ်
အထက်တပ်ဖွဲ့ဝင်များကို ပူဇော်ကန်တော့ပွဲပြုလုပ်ရန်စီစဉ်နေပြီး
ထိုကဲ့သို့သက်ကြီးပူဇော်ပွဲများကို နှစ်စဉ်နှစိတိုင်းပြုလုပ်မည်ဟုလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်များကပြောသည်။
ထိုကဲ့သို့သက်ကြီးပူဇော်ပွဲများကို နှစ်စဉ်နှစိတိုင်းပြုလုပ်မည်ဟုလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်များကပြောသည်။
No comments: