ဆိုင်ကယ်ဆီထည့်စဉ် အင်ဂျင်ပေါ်ဆီကျရာမှ အပူလွန်ကဲပြီး မီးလောင်မူဖြစ်ပွား
လက်ပံတန်းမြို့နယ် မအူခုန်ရပ်ကွက် မဟာဗျူဟာလမ်းဘေး ဆီဆိုင်တွင်မတ်၂၈ နံနက် ၁၁ နာရီမိနစ် ၂၀ခန့် ကဆိုင်ကယ်ဆီထည့်စဉ် အင်ဂျင်ပေါ်ဆီကျရာမှ အပူလွန်ကဲပြီးမီးလောင်မူဖြစ်ပွားကြောင်းသိရသည်။ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်ဦးစီးသောသန္ဓ(၂၀)ဦး အရန်(၅၀)ဦး ပြည်သူအင်အား( ၁၀၀)ဦးခန့်နှင့် မီးငြိမ်းသတ်ယာဉ်( ၅)စီးတို့မှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
ဖြစ်စဉ်မှာ မအူခုန်ရပ်ကွက် မဟာဗျူဟာလမ်းဘေးရှိ "ပြုံးမောင်မောင်"ကုန်စုံဆိုင်ရှေ့ တဲထိုးရောင်းချနေသော လှိုင်ဝင်း( ၄၀)နှစ် အောင်သိဒ္ဓိလမ်း ဘီးလင်းတန်းရပ်ကွက် နေသူပိုင် ဓာတ်ဆီအရောင်းဆိုင်မှ အမည်မသိလူတစ်ဦးပိုင် NULANG 110 ကာပါမပါသောဆိုင်ကယ်အားဆီထည့်စဉ်အင်ဂျင်ပေါ်ဆီကျရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းကာ ဆီပေပါအခွံ( ၄)လုံး ဆီတစ်ဝက်ခန့်ရှိ ပေပါ( ၁ )လုံး NULANG110 ကာပါမပါ ဆိုင်ကယ်တစ်စီး ဆုံးရှုံးမူတန်ဖိုးကျပ်( ၁၅၀၀၀၀ )ခန့်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူလိုင်ဝင်းအား လက်ပံတန်းမြို့မရဲစခန်းက အမူဖြင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သန့်ဇော် ( ခရိုင်ပြန်/ဆက် ) သာယာဝတီ
Myanmaalinn
No comments: