ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးရှေ့တွင် အမျိုးသမီးတစ်ဦး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
မျိုးမြတ် (မြစ်မခ)
ပဲခူး၊ မတ် (၂၈) ရက်။
ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးရှေ့တွင် မတ် ၂၈ ရက်၊ နံနက်(၁၁း၀၀)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးဆိုင်းဘုတ်ကိုင်၍ တရားစီရင်ရေးမှာ ဖြောင့်မတ်မှန်ကန်မှု မရှိဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်သူမှာ ပဲခူးမြို့၊ ဥဿာမြို့သစ်နေ ဒေါ်သဉ္ဖာမောင်မောင်ဖြစ်ပြီး ပထမအကြိမ်တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်မှုကို ဇန်နဝါရီ ၁၆ ရက်တွင် ပဲခူးမြို့တွင်းနှင့် ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၆ ရက် တွင် နေပြည်တော်အထိ တစ်ကိုယ်တော်ချီတက်လမ်းလျှောက်၍ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ဆန္ဒ ထုတ်ဖော်မှုများဆက်လက်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
မူရင်းhttp://myitmakhamediagroup.com
“ကျွန်မအမှုကို မှားနေပါတယ်ဆိုတဲ့အကြောင်း ပြန်လည်စစ်ဆေးပေးပါလို့ခွင့်တောင်းတယ်။ အခုချိန်အထိ စစ် ဆေးခွင့်မရခဲ့ပါဘူး။ အမှန်တရားပေါ်ပေါက်ရေးအတွက် ဆန္ဒ(၂)ကြိမ်ဖော်ထုတ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ နစ်နာ နေတဲ့ကိစ္စမျိုးကို ဘယ်သူကမှဖြေရှင်းပေးခြင်းမရှိခဲ့ပါဘူး။ အဲဒီတော့ သမ္မတနေအိမ်ရှေ့အထိ ထိုင်သပိတ်ဆန္ဒ ပြသွားမှာပါ။”ဟု ဆန္ဒထုတ်ဖော်သူ ဒေါ်သဉ္စာမောင်မောင်ကပြောသည်။
ဆက်လက်၍ ပဲခူးမြို့နယ်မှ နေပြည်တော်သို့ ကားဖြင့်သွားရောက်ကာ လမ်းတစ်လျှောက်တွင်တွေ့ရှိသည့် တရားရုံးများရှေ့တွင်လည်း တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ပြီး သမ္မတအိမ်တော်အ ထိ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၅ ဖေဖော်ဝါရီလကဖြစ်ပွားခဲ့သော ငွေရလိုမှုတွင် တရားလိုမှ တရားပြိုင် ဒေါ်သဉ္ဖာမောင်မောင်တို့၏ တရား မကြီးအမှုအမှတ်(၄၄)၏ ကျပ်သိန်း(၂၅၀)တန်နှစ်ဦးသဘောတူစာချုပ်(၂)ရွက်တွင် ဒေါ်သဉ္ဖာမောင်မောင်၏ လက်မှတ်နှင့် လက်ပွေတူညီမှုမရှိသည်ကို ဒေါ်သဉ္ဖာမောင်မောင်မှ ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။
“ဒေါ်သဉ္ဇာမောင်မောင်ရဲ့အမှုမှာ ပြီးပြတ်သေးတယ်လို့ ပြောလို့မရပါဘူး။ တရားလိုလုပ်သည်ဖြစ်စေ၊ တိုင်ကြား ခံရသည်ဖြစ်စေ မြို့နယ်ရုံးကချမှတ်တဲ့အမိန့်ကိုမကျေနပ်ရင် ခရိုင်ကိုဆက်တင်ပြနိုင်တယ်။ ခရိုင်ရုံးက ချမှတ် တဲ့အမိန့်ကိုမကျေနပ်ရင် တိုင်းကိုဆက်တင်ပြနိုင်တယ်။ တိုင်းကချမှတ်တဲ့အမိန့်ကိုမကျေနပ်ရင် ပြည်ထောင်စု အဆင့်ကို တင်ပြလို့ရတယ်။ ဥပဒေကြောင်းအရ အဆင့်ဆင့်ရှိတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်မှတ်နဲ့ လက် ပွေတွေကို ပြန်စစ်ဆေးပေးဖို့တင်ပြထားတဲ့အတွက် နေပြည်တော် CID ကိုပို့ပြီးစစ်ဆေးရန် သင့်၊ မသင့်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတောင် မချမှတ်ရသေးပါဘူး။”ဟု ပဲခူးခရိုင်တရားသူကြီး ဦးညိုထွန်းကပြောသည်။
ဒေါ်သဉ္ဖာမောင်မောင်သည် အဆိုပါအမှုတွင် လက်မှတ်နှင့် လက်ပွေ တူညီမှုမရှိသည်ကို ကျွမ်းကျင်ပညာရှင် များနှင့် ပြန်လည်စစ်ဆေးပေးရန်တင်ပြခြင်းကို ပဲခူးခရိုင်တရားရုံး၊ တိုင်းတရားရုံး၊ ပြည်ထောင်စုတရားလွှတ် တော်တို့မှပလပ်ခဲ့သဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
No comments: