ပြည်မြို့နယ် တရားသူကြီးကို ဒေသခံများထောက်ခံ ဆန္ဒပြ
ပရဟိတအဖွဲ့ဝင်များကို တရာဆွဲဆိုတိုင်တန်းထားမှုအားပယ်ချပေးခဲ့သည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ တရားသူကြီး ဒေါ် ဝေဝေ လှိုင် ကို ဒေသခံပြည်သူလူထု ၁၀၀ ကျော်က ထောက်ခံဆန္ဒပြခဲ့သည်။
ရေဘေးကယ်ဆယ်ရေးပစ္စည်းများကို အလွဲ သုံးစားပြုလုပ်သည်ဟုစွပ်စွဲကာ ပရဟိတ အဖွဲ့ ဝင် ၅ ဦးကို မြို့နယ် nld မြို့နယ်အလုပ်မှုဆောင် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဥာဏ်ဝင်း နှင့် ရေဘေးသင့် ပြည်သူတစ်ဦးက နှစ်ကြိမ်တိုင် တိုင်ကြားခဲ့သည်။ ပြည်မြို့နယ်တရားရုံးက နှစ်ကြိမ်လုံးပလပ်ခဲ့သည့် အတွက် ဒေသခံပြည်သူ လူထု ကထောကခံ ဆန္ဒပြခြင်းဖြစ်သည်။
လူမှုအဖွဲ့ဝင်များ နိုင်ငံရေးတက်ကြွလှုတ်ရှားသူများ၊ ရေဘေးသင့်ပြည်သူများ သည် မနက် ၁၀ နာရီခွဲ ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးကာ ၁၁ နာရီ တရားရုံး သို့ချီတက်ခဲ့ပြီး တရားသူကြီး ကို ထောက်ခံဟောပြောခဲ့သည်။
တရားဥပဒေစိုးမိုးရေး ဒို့အရေး ၊ တရားရေးမာန်တိုင်ဖြောင့်မတ်ရေးတို့အရေး စသည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက ကြွေးကြော်ခဲ့သည်။
ဆန္ဒပြခေါင်းဆောင်ကိုနေဇာက "တွဲ၂ တရားသူကြီး ဒေါ်ဝေဝေလှိုင်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ် ။ တရားဥပဒေအတိုင်းဆက်လုပ်ပါ ။ ကျနော်တို့မှားရင်ကျနော်တို့ကို အရေးယူပါ"ဟုဆိုသည်။
အကြောင်းအရာကိစ္စအတွက် ဒေါ်အိတောအပါအဝင် nld အဖွဲ့ ဝင်အချို့ကို အရေးယူရန် မြို့နယ်nld ရုံးသို့သွားရောက်ဆန္ဒပြခြင်း ပါတီ ဗဟိုလ် သို့တင်ပြခြင်းများပြုလုပ်ခဲ့သော်လည်း ပါတီ ဗဟိုရ် က အကြောင်းပြန်ကြားမှုမရှိဟု ကိုနေဇာက ဆိုသည်။
"အလွဲသုံးစားလုပ်တာမဟုတ်ဘူး ။ စာရင်းအတိအကျပြနိုင်တယ်။ ကျနော်တို့က အဖြစ်မှန်ကို လာပြောတာ ။ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆန္ဒလာပြတာ"ဟု ဆန္ဒပြပွဲတွင် နိုင်ငံရေးတက်ကြွလှုတ်ရှားသူကိုဝင်းလှိုင်က ဟောပြောခဲ့သည်။
"ကျနော်တို့ ဘက်က ကိုယ်ကျိုးအတွက်သုံးခဲ့မယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းဖို့ အစဉ်သင့်ဘဲ။ သူတို့ရဲ့တိုင်တန်းမှုကြောင့် ကျနော်တို့အပေါ်ယုံကြည်မှု ကင်းမဲ့လာရင် ပြည်သူကို အကူအညီပေးဖို့ ခက်ခဲသွားလိမ့်မယ်"ဟု ကိုထွန်းမြတ်ဆွေ ဂရုဏာသွေးလှူအသင်းက ဆိုသည်။
အများဆုံးဖြတ်ချက်အရ စာရေးကရိယာများနှင့် ငွေတစ်သိန်းကို ကယ်ဆယ်ရေးစခန်းဖွင့်ထားသော စာသင်ကျောင်းအားလှူဒါန်းခဲ့ပြီး အဝတ်ထုတ် များကို မိုးညို ၊ သံပုရာကုန်း ၊ ညောင်ကန်ကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြန်လည်လှူဒါန်းခဲ့ကြောင်း ပရဟိတ အဖွဲ့သားများက ပြန်လည်ဖြေရှင်းထားသည်။
ထိုနေ့တွင် မြို့နယ် nld အလုပ်အမှု ဆောင် ဒေါ်အိတော ဦးဆောင်သည့် အဖွဲ့က တရားသူကြီး အလိုမရှိကြောင်းကန့်ကွက်ရန်စီစဉ်ထားသော်လည်း လာရောက် ဆန္ဒပြခြင်းမရှိခဲ့ပါ။

No comments: