ပန်းတောင်း မြို့နယ်တွင် သစ်တန်၃၀ နီးပါး ပိုင်ရှင်မဲ့ဖမ်းဆီးရမိ
ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်း မြို့နယ် တွင် မတ်လ ၂၇ ရက် က တရားမဝင် သစ် တန် ၃၀ နီးပါး ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ ခဲ့ကြောင်း အဆိုပါ သစ်တောဌာန မှသိရသည်။
ပန်းတောင်း မြို့နယ် ကျောက်ဖူးကျေးရွာ နှင့် သင်္ဂကျေး ရွာ ကြား ကျောက်ဖူးချောင်းစပ် အနီး တရားမဝင် သစ်ခိုးထုတ်နေကြောင်း သတင်း အရ မြို့နယ်သစ်တောဦးစီးမှူး ဦးရန်မျိုးအောင် နှင့် သစ်တောဝန်ထမ်းများ သွား ရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့သွားရောက်ဖမ်းဆီးရာ ကျွန်း၅၄လုံး ၉.၁၂၈၀ တန် ၊ ကျွန်းခွဲသား ၁၀၆ ချောင်း ၄.၀၉၇၆တန် ၊ ပျဉ်းကတိုးသစ်လုံး၂၆လုံး ၄.၃၅၂၀တန် ၊ ပျဉ်းကတိုးခွဲသား ၁၄၆ ချောင်း ၈.၄၅၀၂တန် ၊ အခြားသစ်၁၀ လုံး ၂.၃၀၂၀ တန် ၊ စုစုပေါင်းသစ် ၂၈.၈၂၉၈တန် သိမ်းဆည်းရမိခဲ့သည်။
တရားမဝင်သစ်များ ခွဲ စိတ် ရာတွင် အသုံးပြုသည့် တရုတ်နီအင်ဂျင် ၂၂ ကောင်တစ်လုံး ၊ လေးပေ လွှဝိုင်း တစ်ဝိုင်း ၊ သစ်တင်တွန်းလှဲတစ်ခု ၊ ပတ်တာကျိုး တစ်ချောင်း ၊ သုံးပေ သံတူရွန်း တစ်ချောင်း ကိုလည်း သစ်များ နှင့်အတူသိမ်းဆည်းရမိခဲ့သည်။
No comments: