လင်မယားချင်းစကားများစဉ် ရိုက်နှက်ရာက ကလေးအားထိမိ၍ သေဆုံး
နေပြည်တော်၊ မတ် ၂၈
၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ဖြူကျေးရွာတွင် လင်မယားချင်း စကားများစဉ် ရိုက်နှက်ရာက ကလေးအားထိမိ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ညောင်ဖြူကျေးရွာနေ မဇင်မျိုးအေး(၂၃)နှစ်နှင့် ခင်ပွန်းဖြစ်သူ ဇင်မင်းဦး (၂၂)နှစ်တို့ နေအိမ်ခြံဝန်းထဲ၌ လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇင်မင်းဦး မှ ခြံစည်းရိုးရှိ ဝါးတုတ်ဖြင့် မဇင်မျိုးအေး အား ရိုက်ရာ မထိဘဲကျောတွင်ပိုးထားသည့် မောင်ရဲရင့်ကိုကို(၁)နှစ် (၃)လအား ရိုက်မိကာ ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဇင်မင်းဦးအား ပန်းတောင်းမြို့မရဲစခန်း(ပ)၄၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

No comments: