အုတ်ဖို မြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်ယာဉ်နောက်လိုက်သေဆုံး
ပဲခူးတိုင်း
သာယာဝတီခရိုင် အုပ်ဖိုမြို့တွင် ဇွန်လ ၆ ရက်နေ့က ရပ်ထားသော ဆိုင်ကယ်ကို အခြားဆိုင်ကယ်တစ်စီးက
ဝင်တိုက်ခဲ့ရာ ၀င်တိုက်သည့် ဆိုင်ကယ်မှ ဆိုင်ကယ်မောင်းဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်
သေဆုံးခဲ့သည်ဟုသိရသည်။
နေ့လည် ၂
နာရီခွဲအချိန်က အုတ်ဖိုမြို့ ရန်ကုန်-ပြည် လမ်း သရက်ပင်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းအနီး
တွင်စည်သူစိုး ၁၈ နှစ် သည် ၄င်း၏ FELLING အမျိုးအစား110 အနက်ရောင်ဆိုင်ကယ်ကို လမ်း၏
ယာဘက်ဘေးတွင် ရပ်ပြီးကွမ်းဝယ်ရန် ပြုလုပ်နေစဉ် အုတ်ဖိုတာဆုံဘက်မှ ဦးကြည်သန်း ၄၆ နှစ်
မောင်းနှင်လာပြီး ဇနီးဖြစ်သူ ဒေါ်တင်မြိုင် ၄၆ နှစ် လိုက်ပါလာသော WAVE 110 အမျိုးအစား မီခိုး/အနက်ရောင် ဆိုင်ကယ်က ၀င်တိုက်ခဲ့သည်။
ဦးကြည်သန်း
တွင်ယာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ ၊ ဘယ်ဘက်လက်မောင်း ၊ ဘယ်ဘက်ခါး နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး
၎င်း၏ဇနီး ဖြစ်သူ ဒေါ်တင်မြိုင်မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၀ဲဘက်ပါးရိုးဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်။
လူနာများကို
အုတ်ဖိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာမှီနေ့လည်
၃ နာရီအချိန်ခန့်က ဒေါ်တင်မြိုင်သေဆုံးခဲ့ပြီး ဦးကြည်သန်းမှာ အတွင်းလူနာ အဖြစ်ဆေးရုံတက်
ဆေးကုသမှုခံယူလျှက်ရှိသည်။
စည်သူစိုး၏
ဆိုင်ကယ်မှာ နောက်မီးခုံ နှင့် မီးခုံဘေးကာဗာများကြိုးကြေခြဲ့ ပီး ဦးကြည်သန်း၏ ဆိုင်ကယ်မှာ
ရှေ့ဘီးဂွေကွေ့ကောက် ၊ ဘယ်ဒူးကာဗာ ကျိုးပဲ့ စသည့်ပျက်စီးဆုံးရှုံးမှုများရှိ ခဲ့သည်။
ထို့ကြောင့်
ဆိုင်ကယ်ယာဉ်ပေါ့ဆစွာမောင်းနှင် သူ ဦးကြည်သန်းအား အုတ်ဖိုရဲစခန်းတွင် ယာဉ် (ပ) ၁၈/၁၇
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်ဟုသိရသည်။
No comments: