Header Ads

BannerFans.com
Breaking News
recent

လက်ပံတန်းမြို့ တွင် HILUX ကားတစ်စီး သစ်ပင်ဝင်တိုက် လူနှစ်ဦးဒဏ်ရာရ




ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့ ရန်ကုန်- ပြည်လမ်းမ ချမ်းသာကုန်းကျေးရွာ တွင် ဇွန်လ ၇ ရက်က HILUX ကား တစ်စီး သစ်ပင်ဝင်တိုက်ပြီး ကားပေါ်တွင်ပါလာသော လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။


ထိုနေ့မနက် ၁၁ နာရီ ၄၅ အချိန်က ရန်ကုန် မှ ပြည်သို့မောင်းနှင်လာ သော YGN K……. အပြာရောင် HILUX ကားသည် ရန်ကုန်-ပြည်လမ်းမ မိုင်တိုင်အမှတ် ၈၆/၄ နှင့် ၈၆/၅ အရောက်တွင် လမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးညာဘက်ရှိသစ်ပင်အားဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့်  ယာဉ်နောက်လိုက် ကိုကျော်မင်းဦးသည် ၀ဲဘက်နဖူးပေါက်ပြဲဒဏ်ရာ ၊ ခရီးသည် ဒေါ်သန်းအေးသည် အပေါ်နှုတ်ခမ်းဝဲဘက်ပေါက်ပြဲဒဏ်ရာ ၊ အပေါ်သွားနာကျင်ဒဏ်ရာများရရှိခဲ့ပြီး HILUX ယာဉ်ဦးခေါင်းပိန်ချိုင့်သွားသည်။
ဖြစ်စဉ်နှင့်ပတ်သတ်ပြီး HILUX ယာဉ်မောင်း  ကိုအောင်ဝင်း ကို လက်ပံတန်းမြို့မရဲစခန်းတွင် ယာဉ်(ပ) ၃၂/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။

No comments:

icman. Powered by Blogger.