ရွှေပြည်စံ ဇာတ်ကားတိမ်းမှောက် လူသုံးဦးသေ
logalnewspyay
ပဲခူးတိုင်း၊ ပြည်မြို့မှ ရွှေပြည်စံဇာတ်အဖွဲ့ စီးနင်းလိုက်ပါလာသော ဇာတ်ကားသည် ပန်းတောင်း တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် ၄၆/၁ နှင့် ၄၆/၂ အကြား တွင် တိမ်းမှောက်ခဲ့ ပြီး ဇာတ်ကားပေါ်ပါလာသူ ၃ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့သည်။
အပြာရောင် ဇာတ်ကား စ/၇၆၆၆ သည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ပြည်မြို့သို့အပြန် ညောင်ချိုး ကျေးရွာအနီးတွင်ညနေ၂နာရီ၄၅ မိနစ်အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယဉ်တိမ်းမှောက်မှုကြောင့် ဇာတ်အဖွဲ့သား ခင်မောင်ဆွေ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် နောက်နှစ်ဦးထပ်မံသေဆုံးခဲ့သည်။
ယာဉ်တိမ်းမှောက်မှု အတွက် ဇာတ်ကားယာဉ်မောင်း ဖြိုးဆွေကို
ယာဉ်ပ ၉ / ၂၀၁၇ ပုဒ်မ ၃၃၇ ၃၃၈ ၃၀၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။

No comments: