လူ ၊ နတ် နှစ်လီတစ်ရစ်စီ သမိုင်းထွန်းဟြေင်စေတီရွှေနတ်တောင်
လူ ၊ နတ် နှစ်လီတစ်ရစ်စီ သမိုင်းထွန်းဟြေင်စေတီရွှေနတ်တောင်
............................................................
ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရွှေနတ်တောင်စေတီတော်မြတ်ကြီးသည် သမိုင်းဝင်ဂေဇက်ဝင် စေတီတော်ကြီးတစ်ဆူဖြစ်ပါသည်။မဟာသက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဂေါတမဘုရားရှင်ပွင့်တော်မူပြီး (၁၀၄) ခုနှစ်တွင် ယခုရွှေနတ်တောင်စေတီတော်တည်ရှိရာ ဒေဝါဂီရိတ်တောင်သို့ ကြွရောက်လာခဲ့ပြီး ရွှေရောင်တောက်ပသောနတ်သားအသွင်ဖန်ဆင်းကာ ထိုဒေသရှိ ကဉ္စနာဂီရိ နိဂုံးရွာသူရွာသားများကို တရားဒေသနာဟောကြားတော်မူခဲ့ပါသည်။
ထို့နောက် ဗုဒ္ဓသာသနာ အရှည်အကြာတည်တံ့စေရမ် ကိုယ်စားတော် (နိမ္မိတ) ရွှေနတ်ရုပ်ကြီးကိုထားတော်မူခဲ့ရာ နိဂုံးသူ နိဂုံးသားတို့က ထိုနတ်ရုပ်ကြီးကိုငုံ၍ စေတီတည်ထားကိုးကွယ်လာခဲ့ကြပါသည်။ရွှေရောင်တောက်ပနေသော ထိုနတ်ရုပ်ကြီးကိုဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့ခြင်းကြောင့် ရွှေနတ်တောင်စေတီဟုခေါ်တွင်ခဲ့ကြပါသည်။စေတီတည်ရာတွင် နေ့အခါလူတို့တည်ကြပြီး ညအခါနတ်တို့တည်ကြသည်ကို အစွဲပြု၍ "လူနတ်နှစ်လိ တစ်ရစ်စီ စေတီရွှေနတ်တောင်" ဟုသမိုင်းအဆိုရှိခဲ့ပါတယ်။
ရှည်လျားသော သမိုင်းစဉ် တစ်လျောက်၌ ရွှေနတ်တောင်စေတီတော်မြတ်ကြီးကို မင်းနှင့်ပြည်သူတို့ တာဝန်ယူမွမ်းမံပြင်ဆင်ခဲ့ကြရာ သရေခေတ္တရာခေတ်တွင် ဒွတ္တဘောင်မင်း၏မိဖုရားများဖြစ်ကြသော ပိဿနိုး မိဖုရား နှင့် စန္ဒာဒေဝီမိဖုရား ၊ ပုဂံခေတ်တွင် နရသီဟပတေ့ (တရုတ်ပြေးမင်း) ၏ သားတော်ပြည်စား သီဟသူ ၊ တောင်ငူခေတ်တွင် တပင်ရွှေထီး ၊ ကုန်းဘောင်ခေတ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့ဥပရာဇာ ၊ ဗြိတိသျှအုပ်စိုးသောခေတ်တွင် ရဟန်းတော်များ နှင့် ပြည်သူများ ၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နိုင်ငံတော် ခေါင်းဆောင်များ ၊ ရဟန်းတော်များနှင့် ပြည်သူများ ၊ နိုင်င့်တော်ငြိမ်ဝပ်ပိဟြးမှု့ တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နိုင်ငံတော်ကဘက်စုံပြုပြင်ရေးလုပ်ငန်းများ ပြုလုပ်၍ မွမ်းမံပြင်ဆင်တည်ထားကိုးကွယ်လာခဲ့ကြပါသည်။
သမိုင်းပညာရှင်ဒေါက်တာခင်မောင်ညွန့် ကစေတီတော်၏ ရင်ပြင်တော်ပေါ်ကိုလှည့်လည်ကြည့်လိုက်သည်နှင့် ရွှေနတ်တောင်ဘုရားသည် ဘာသာရေးအရလည်းကောင်း ၊ ယဉ်ကျေးမှု့အရလည်းကောင်း၊ သမိုင်းနှင့် ရှေးဟောင်းသုသေတနအရလည်းကောင်း ၊ အထူးထိန်းသိမ်းစောင့်ရှောက်ပြုပြင်မွမ်းမံထားသင့်သော သမိုင်းဝင်နေရာဖြစ်ကြောင်း သတိပြုမိပါသည်ဟုရွှေနတ်တောင်ဘုရား ခေါင်းလောင်းများပါ ကဗ္ဗည်းစာတမ်းများအခန်းဆက် ဆောင်းပါးတွင်ရေးသားဖော်ပြထားရာ လက်တွေ့လာရောက်ဖူးမြော်လေ့လာကြည်ညိုနိုင်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။
#ပြည်သတင်းစဉ်
09798259649 မှ ဓမ္မဒါနမျှဝေလိုက်ပါသည်။
No comments: