Header Ads

BannerFans.com
Breaking News
recent

လယ်​ယာ​မြေအတွင်းရှိ နှစ်လနီးပါးကြာ အပေါက်များဖြစ်ခဲ့သည့်  ဓာတ်ငွေ့ပိုက်လိုင်းကို ပြု ပြင်

လယ်​ယာ​မြေအတွင်းရှိ နှစ်လနီးပါးကြာ အပေါက်များဖြစ်ခဲ့သည့်  ဓာတ်ငွေ့ပိုက်လိုင်းကို ပြု ပြင်

နှစ်လနီးပါးကြာ အပေါက်များဖြစ်ခဲ့သော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင်းဗြည်းကျေးရွာအုပ်စု  လယ်ယာမြေများအတွင်း ရှိ ဓာတ်ငွေ့ ပိုက်လိုင်းကို  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မတ်လ ၄ ရက်တွင်စတင်ပြုပြင်နေပြီဖြစ်သည်။

ကမ်းလွန်ရေနံမြေ မှ သွယ်တန်းထားသော ပြည်-ဆားခါး ၁၄ လက်မ ဓာတ်ငွေ့ပိုက်လိုင်းသည် တွင်းဗြည်း ကျေးရွာအုပ်စု ကွင်းအမှတ် ၇၄၈ A ပင်လယ်ကွင်း ကိုလတ် ၏ လယ်မြေတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက် ၂ ခု ၊ ကွင်းအမှတ် ၇၃၇ ပေါက်တုံးလဲကွင်း ဦးအေးထွန်း ၏ လယ်မြေ တွင် အပေါက် တစ်ခုဖြစ်ပေါ်ခဲ့သည်။ 

၎င်းအပေါက်များသည် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက စတင်ဖြစ်ပေါ်ခဲ့ပြီး မီးလောင်ကျွမ်းခြင်း ၊ အနံ့ဆိုးထွက်ခြင်း များဖြစ်ပေါ်ကာ နွေစပါးစိုက်ပျိုးခြင်းကိုလည်းမလုပ်ဆောင်နိုင်ကြောင်း  လယ်ပိုင်ရှင်များကပြောသည်။ 

"သူ့ရဲ့ အနံ့ဆိုးတွေ က ထယ်ထိုးနေတဲ့ တောင်သူတွေကော နွားတွေ တိရစ္ဆာန်ကော  ပေ တစ်ရာပတ်ဝန်းကျင်က အကုန်အနံ့အသက်တွေဝင်နေတဲ့အတွက် ကျန်းမာရေးအတွက် နွားကောလူကော အန္တရာယ်ပေးနိုင်တယ်"ဟု လယ်မြေပိုင်ရှင်ကိုလတ်က ဆိုသည်။ 

ဓာတ်ငွေ့ပိုက်လိုင်းပေါက်များကိုပြု ပြင်ရန် ပိုက်လိုင်းလျှောက် ဝန်ထမ်း ဝင်းမင်းသန်း ထံသို့ ဆက်သွယ်ခဲ့ပြီး သက်ဆိုင်ရာဌာနသို့ သတင်းပေးပို့ခြင်းမပြု လုပ်ရသေးကြောင်း တွင်းဗြည်းကျေးရွာအုပ်ချုပ်ရေးမှူး ကပြောသည်။

ထို့ကြောင့်  မတ်လ ၃ ရက် နေ့လည်ပိုင်းတွင် ပြည်ရေနံမြေ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သွား ရောက်အကြောင်းကြား ပေးခဲ့သည်။ 

အင်ဂျင်နီယာမှူး ဒေါ်စုစုလှိုင် က "အခုအားချင်းလုပ်ပေးမယ်။ ပိုက်လိုင်းက အင်ဖော်မေးရှင်း အတိအကျရရင် ချက်ချင်းဆောင်ရွက်ပေးပါတယ်"ဟုဆိုသည်။

၎င်းက သက်ဆိုင်ရာ gas ပိုက်လိုင်းတာဝန်ခံ သို့ ဦးအောင်ဇော်ထွန်း အကြောင်းကြားခြင်း နေပြည်တော်ရုံးချုပ် သို့လည်းသတင်းပို့ခြင်း များပြုလုပ်ခဲ့သည်။

မတ်လ ၄ ရက် မနက်ပိုင်းတွင် တွင်းဗြည်း ကျေးရွာအုပ်စု ကွင်းအမှတ် ၇၄၈ A ပင်လယ်ကွင်း ရှိ ဓာတ်ငွေ့ပိုက်လိုင်းပေါက်များကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စတင်ပြု ပြင်နေပြီဖြစ်သည်။

#ပြည်သတင်းစဉ်
09798259649

No comments:

icman. Powered by Blogger.