၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့တွင်ဆန္ဒပြ
ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးအတွက် လူအင်အား ၅၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
"ပြည်သူကိုလည်းအကျိုးမပြု ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လဲအကျိုးမပြုတဲ့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဖျက်သိမ်းချင်တာဖြစ်ပါတယ်" ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဦးခင်မောင်နိုင်မှဆိုသည်။
၂၀၀၈ အခြေခံဥပဒေကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု့လဲမရှိဘူး တရားဥပဒေစိုးမိုးမှု့လဲမရှိဘူး ငြိမ်းချမ်းရေးလည်းမရှိတဲ့အတွက်ကြောင့် ဒီဥပဒေကိုဖျက်သိမ်းပေးဖို့တောင်းဆိုတာပါဟု၎င်းကဟြေသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲနိုင်မှသာ ကျွန်တော်တို့ပြည်သူလူထုဘဝလုံခြုံမှု့ရှိမယ်။စတင်ရေးဆွဲစဉ်ကတည်းကပြည်သူ့ကိုယ်စားလှယ်တွေမပါဝင် အဲ့လိုမျိုးရေးဆွဲခဲ့တဲ့ဒီဖွဲ့စည်းပုံကိုအမြန်ဆုံးဖျက်သိမ်းနိုင်မှ ကျွန်တော်တို့နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှု့အမြန်ဆုံးတည်ဆောက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်" ဟု ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးကျော်ကျော်လွင် မှ ဟြေသည်။
ဆန္ဒပြတောင်းဆိုသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုအနီရောင်ကြက်ခြေခတ်ပုံပါ တီရှပ်အဖြူများကိုဝတ်ဆင်ကြပြီး "၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး ဒို့အရေး" "နာဂစ် ၂၀၀၈ အခြေခံဥပဒေ အလိုမရှိ" "ပြည်သူကိုအကာကွယ်မပေးသော ၂၀၀၈ အခြေခံဥပဒေ အလိုမရှိ" စသည့်ကြွေးကြော်သံများရွတ်ဆိုကာ ဘုရားကြီးလမ်းအတိုင်းချီတက်ဆန္ဒပြခဲ့ကြသည်။
#ပြည်သတင်းစဉ်
09798259649
No comments: