သက်သေရှိတယ် တရားမစွဲတဲ့ ခရိုင်ရဲမှူး ကြောင့် တကိုယ်တော် ဝင်းလှိုင်(ပြည်) ဆန္ဒထုတ်ဖော်ပြီ *************************************************************************
ပဲခူးအနောက် ပြည်မြို့နယ်တွင် တကိုယ်တော်(ပြည်) မှ
နေရာသုံးခုမှာဆန္ဒထုတ်ဖော်နေပြီ။ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉:၃၀ နာရီမှစတင်၍ တကိုယ်တော်ဝင်းလှိုင်သည်ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်ရှေ့ လူငယ်စင်တာအစောက်အဦးအောက်တွင်စ တင်၍ တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။ဆန္ဒထုတ်ဖော်ခြင်း အကြောင်းမှာစည်ပင်အရာရှိသူရဦးမြင့်သူနှင့် ခရိုင်ရဲမှူးဦးမြင့်အေး တို့ကိုတည်ဆဲဥပဒေအရအရေးယူပေးပါရန်ပဲခူးတိုင်းအစိုးရနှင့် နိုင်ငံတော်အစိုးရတောင်းဆိုခြင်းဗွီးနိုင်းကိုကိုင်ဆောင်ထားပါသည်။
ဆန္ဒပြအကြောင်းအရင်းမှာ စည်ပင်အရာရှိမှ လွန်ခဲ့သောသုံးလခ န့်က ညကင်းလှည့်နေသောပါတ်ကင်းရဲတပ်ဖွဲ့ကို၎င်းအရာ ရှိမှအချိန်မတော်ကြိမ်းမောင်းမှုကိုအသိသက်သေရှိပါလျှက်အရေးမယူတရားမစွဲခဲ့သောခရိုင်ရဲတပ်ဖွဲ့မှူးကြောင့်ဟုသတင်းအရသိရှိ ဖော်ပြပါသည်။
တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး ဟုကျွေးကြော်သံနှင့်အ တူ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့မှစတင်ထွက်ခွာကာ ထိုမှတဆင့် ကန်လမ်းအတိုင်း ကန္နားလမ်းသို့ချိုးကွေ့ကာ စည်ပင်ရုံးရှေ့တွင် ၂၅ မိနစ်ခန့်ဆန္ဒထုတ်ဖော်ကာ ထိုလမ်းအတို င်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင်ဆန္ဒထုတ်ဖော်၍ နံနက် ၁၀:၃၀ နာရီ ထိုအနားတွင်တကိုယ်တော်ဆန္ဒပြပြီးဆုံးသည်။
ကိုကျော်ကျော်ဦး
KKO
ပြည်…
#ပြည်သတင်းစဉ်
09798259649
No comments: