Header Ads

BannerFans.com
Breaking News
recent

တရားဥပ​ဒေစိုးမိုး​ရေးတစ်​ကိုယ်​​တော်​ဆန္ဒပြ

သီဟလွင် (မြစ်မခ)
ပြည်၊ မတ်(၆)ရက်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် မတ်လ ၆ ရက်နေ့က တရားဥပဒေစိုးမိုးရေးတွက် တစ်ကိုယ်တော် တောင်းဆိုဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ပြည်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်က တစ်ကိုယ်တော်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပဲခူးတိုင်းဝန်ကြီးချုပ်၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးကြရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုနေကြသော ပြည်သူများ၏ အသံကိုနားထောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
“တရားဥပဒေစိုးမိုးရေး တာဝန်ရှိတဲ့သူတွေအားလုံးပေါ့ဗျာ တာဝန်ရှိတဲ့သူတွေ ဘာလုပ်ပေးနိုင်မလဲ ကျွန်တော်တို့ပြည်သူတွေကမေးပြီ ဘာလို့မရလဲဆိုရင် တရားဥပဒေစိုးမိုးရေးအတွက် လမ်းပေါ်ထွက်၊ စာတင် တောင်းဆိုတဲ့သူတွေအများကြီးရှိတယ် ကျွန်တော် လေ့လာသလောက်ကတော့ အစိုးရကဘာမှမလုပ်ပေးဘူး။  တောင်းဆိုချင်တာက တရားဥပဒေစိုးမိုးရေးအတွက် အစိုးရမှာ အများဆုံးတာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ပြောစကားတွေကို လာရောက်စစ်ဆေးပေးပါ။”ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြာသည်။
ပြည်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်မှ တစ်ဆင့် ဗိုလ်ချုပ်လမ်း၊ မြောက်ဘက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းရှည်လမ်း၊ ရွှေတံချောင်းလမ်း၊ လမ်းမတော်လမ်း၊ ကမ်းနားလမ်း အစရှိသည့် လူစည်ကား သည့် နေရာများနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်ခရိုင်တရားရုံးရှေ့တို့တွင် တောင်းဆိုဆန္ဒဖော်ထုတ်မှုများကိုပြုလုပ်ခဲ့သည်။
ဆန္ဒဖော်ထုတ်ရာ လမ်းတစ်လျှောက် တရားဥပဒေစိုးမိုးရေး တို့အရေး၊ တရားဥပဒေကိုလိုသလိုသုံးစွဲနေသော တရားရေး ၀န်ထမ်းတစ်ချို့အားအရေးယူပေးရေး ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ တောင်းဆို ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။
တရားဥပဒေစိုးမိုးရေးတွက် ပြည်မြို့ပတ်ပြီး အစိုးရအား တောင်းဆိုဆန္ဒဖော်ထုတ်ခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး ယခင်က ပြည်ခရိုင်တရားရုံးရှေ့တွင် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုဆန္ဒဖော်ထုတ်မှု(၇) ကြိမ်ထိ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

No comments:

icman. Powered by Blogger.