တပ်ရိက္ခာကုလားပဲ ဘယ်သူဝင်စားမလဲ
သိန်းသောင်းချီနစ်နာနေတယ် ရိုးတဲ့အတဲ့လူတွေခံကြပေါ့
တပ်မတော်ရိက္ခာကုလားပဲကိစ္စ ပြီးခဲ့တဲ့ရက်ပိုင်းကရေးဖြစ်ပါတယ် အချို့မိတ်ဆွေများကလည်း စစ်တပ်နဲ့ပါတ်သက်ပြီးမရေးစေချင်ကြသလို အချို့စစ်တပ်နဲ့ပါတ်သက်ပြီး တပ်ရိက္ခာကိုမလျော်လောဘတွေနဲ့ လုပ်စားနေသောသူများကတော့ကျိမ်ဆဲနေပါလိမ့်မယ် တချို့ကလည်း နောက်ကွယ်က လက်မဲတွေပါမှာစိုးလို့်ဆိုပြီးမပြောစေချင်ကြဘူး တသက်လုံးဒီအမှားကြီးကိုတော့အမှန် ဆက်မဖြစ်စေချင်ပါဘူး လက်မဲမဲ လက်ဖြူဖြူ စိတ်ကိုယ်မဝင်စားပါဘူး
ဒါပေမဲ့ တကယ်ကို အောက်ခြေရဲဘော်များရဲ့ဘဝ နိုင်ငံတော်ရဲ့စေတနာတွေအပေါ်အသည်းနာလွန်းလို့ ထပ်ပြီးသိသမျှရေးပါအုံးမယ်
ပုံမှာပြထားသောပဲများဟာ သာမာန်သူတွေအတွက်ကတော့ ကုလားပဲလို့ပဲထင်ကြပါလိမ့်မယ် တကယ်တော့ တစ်ပုံကကုလားပဲအစစ်ဖြစ်ပြီး လက်ရှိပေါက်ဈေး ပိသာ ၂၀ တစ်တင်းကို ၃၉၀၀၀ ကျပ် ဝန်းကျင်ရှိပြီး ကျန်တစ်ပုံမှာပြထားတာက ကနေဒါလို့ခေါ်တဲ့ စားတော်ပဲအမျိုးအစားဖြစ်ပါတယ် ခါးသက်တဲ့အရသာရှိပြီး လက်ရှိပေါက်ဈေးဟာ ပိသာ ၂၀ တစ်တင်းကို ၂၀၀၀၀ ကျပ်ဝန်းကျင်သာရှိတော့တစ်တင်းကို ၁၉၀၀၀ ကျပ်လောက်ဈေးကွာပါတယ်
ပြောချင်တာက ဒီနှစ်၂၀၁၇ ခုနှစ်အတွက် တပ်ရိက္ခာကုလားပဲကို အစိုးရက ကုလားပဲအစစ်ကိုဝယ်ဖို့ ၁၉ ပိသာတစ်တင်းကို ၃၆၀၀၀ ကျပ်ဈေးနှုန်းနဲ့တင်ဒါပေးခဲ့တယ်လို့ကြားသိရပါတယ် တကယ်တမ်းပြည်တွင်းကုလားပဲအထွက်များချိန်ဆို ၃၅၀၀၀ အောက်ရောက်နိုင်လို့ တင်ဒါဈေးဟာ တင်ဒါရသူတွေအတွက် တွက်ချေကိုက်ပြီးသားပါ
ပြည်မြို့ကလုပ်ငန်းရှင်ကြီးနှစ်ဦးဟာ တပ်ရိက္ခာကုလားပဲတင်ဒါအဖြစ် တင်းပေါင်း ၃သိန်း၆သောင်း အောင်ထားတယ်လို့်လည်းစုံးစမ်းသိရှိရပါတယ် တစ်ဦးကတင်း ၃သိန်းနဲ့ ကျန်တစ်ဦးက တင်ပေါင်း ၆သောင်းရရှိပါတယ်
တပ်မတော်သားကိုယ်စားလှယ်တော်ကြီးများနဲ့ ပြည်သူ့ဘက်သားကိုယ်စားလှယ်တော်ကြီးများ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ဒီလိုတင်ဒါကိစ္စတွေကိုချထားပေးပြီးပြီးရောဆိုတာထက် တကယ်ဒီတင်ဒါတွေအပေါ် ဘယ်လိုတွေအကောင်အထည်ဖော်နေကြတယ်ဆိုတာပြန်လည်စစ်ဆေးမှူများမပြုရင်တော့် တိုင်းပြည်နဲ့ပြည်သူ့အပေါ်တာဝန်မကြေဘူးမှတ်ကြပါ
စိတ်ဝင်စားရင် ကုလားပဲအကြောင်းအသေးစိတ်တွက်ချက်ပြမယ်
ကုလားပဲအစစ်နေရာမှာ တကယ်လို့ စားတော်ပဲကိုအစားထိုးပြီးရောနှောသွင်းမယ်ဆိုရင်
တင်ဒါဈေးက ၃၆၀၀၀
စားတော်က. ၂၀၀၀၀ ဆိုတော့ တစ်တင်းကို ၁၆၀၀၀မြတ်နေပါလိမ့်မယ်
တင်းပေါင်း ၃သိန်း ကျော်မှာ တင်းပေါင်း ၁သိန်း လောက်ရောနှောသွင်းလိုက်ရင်ပဲ
၁၆၀၀၀×၁၀၀၀၀၀=၁,၆၀၀,၀၀၀,၀၀၀ ကျပ်မြတ်နိုင်ပါတယ်
ဒါတောင် တင်းပေါင်း ၁သိန်း လောက်ပဲရောပြီးတွက်ပြတာ ဒီထက်ပိုမရောဘူလို့ဘယ်သူအာမခံသလဲ
သိန်းပေါင်းသောင်းချီပြီးနိုင်ငံတော်ကနစ်နာပြီး တကယ်တပ်မတော်သားတွေကရောခံစားရသလားဆိုတော့ မရကြဘူး
သိန်း ၁သောင်း ဟာ ကျွန်တော်တို့လိုဖွံ့ဖြိုးစနိုင်ငံတွေအတွက် လိုအပ်နေတဲ့ နေရာတွေမှာ စာသင်ကျောင်းဘယ်နှစ်ကျောင်းရမလဲ
လမ်းဘယ်လောက်ခင်းနိုင်မလဲ ခင်ဗျားတို့စဉ်းစားပါ ဒါတောင် ပြည်ခရိုင်လောက်ကတင်ဒါကိုပဲထောက်ပြတာ တပြည်လုံးနဲ့ဆို သိန်းပေါင်းဘယ်လောက်နစ်နာမလဲစဉ်းစားကြည့်ကြပေါ့
သတင်းသမားများစုံစမ်းချင်ရင် စားတော်ပို့နေတဲ့ကားတွေ ဂိတ်တွေ ရန်ကုန်ကကုပ္မဏီတွေပြန်ရောင်းတဲ့ပွဲရုံတွေ ပြန်သွင်းတဲ့ပဲခွဲစက်တွေ အချက်အလက်တွေလိုချင်ရင် အချိန်မရွေးလာပါ ဒီလိုတွေပြောနေလို့ သူများရတာမနာလိုလို့မထင်နဲ့ ပြောမယ့်သူရေးမဲ့သူတွေမရှိလွန်းလို့် စစ်သားတွေဘက်ကရော အစိုးရဘက်ကပါနာလွန်းလို့ တာဝန်သိပြည်သူတစ်ဦးအနေနဲ့ရေးနေတာမှတ်ပါ ဒီကိစ္စတွေကို တာဝန်ရှိသူတွေထိရောက်အောင်စနစ်တကျမလုပ်ဘူးဆိုရင် ညီညီအောင် နောက်နောင်ဘယ်နိုင်ငံရေးမှစိတ်မဝင်စားတော့ဘူး ဘာလို့လဲဆိုတော့ စေတနာနဲ့မထိုက်တန်တော့လို့ပဲ ကင်းအောင်နေသွားပါတော့မယ်
ညီညီအောင် ပြည်

No comments: