မဟာသင်္ကြန်ရုံးပိတ်ရက်ကို ၅ ရက်အထိလျော့ချရန် ပြည်ထောင်စုအစိုးရမှ ၀န်ကြီးဌာနများသို့ သဘောထားတောင်းခံထား
“ဒီရုံးပိတ်ရက် ၅ ရက်ကို လျော့ချတဲ့အတွက် အဆင်မပြေတဲ့ဟာတွေ ဖြစ်လာနိုင်တဲ့ အလားအလာကို ကျွန်တော်တို့က မေးတာဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေ ဗဟိုအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ပြန်လာမယ်။ အဆင်ပြေတယ်၊ မပြေဘူး သူတို့ရဲ့ သဘောထားတွေအပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ချက်ချသွားမှာပေါ့”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက News Watch သို့ ပြောသည်။
အဆိုပါညွှန်ကြားချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မတ် ၉ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ရမည်ဖြစ်ကြောင်း သိရသည်။
News Watch
No comments: