ပြည်မြို့တွင်နှစ်ရက်အတွင်း အမျိုးသား နှစ်ဦးဆွဲ ကြိုးချသေ
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် မေလ ၁၂ ၁၃ ရက်နေ့များ ၌ အမျိုးသားနှစ်ဦးဆွဲ ကြိုးချသေဆုံးခဲ့သည်။
ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ကိုးသောင်းချင်းစုရပ်၊
ဆေးရုံသစ်လမ်းနေ အသက် ၂၄ နှစ်အရွယ်တည်ကြည်ဦး ဆိုသူအမျိုးသား တစ်ဦးသည်
မေလ ၁၂ ရက် ညပိုင်း က ကြိုးဆွဲချသေဆုံးခဲ့သည်။
သေဆုံးသူတည်ကြည်ဦးမှာ နေအိမ်အောက်ထပ် ရှိ ၄င်းအိပ်သည့်အိပ်ခန်းအတွင်း ကုတင်ပေါ်တက်၍မြေ
ပြင်မှ အမြင့်(၁၀)ပေခန့်ရှိထုတ်တန်းအား လက်သန်းလုံးခန့်ရှိ နှစ်ပင်လိမ်အပြာရောင် ပလပ်စတစ်ကြိုးကျစ်ထားသည့် ကြိုးဖြင့်ထုတ်တန်းအောက်(၂)ပေခန့်လျှော့၍ ကွင်းပုံသဏ္ဍန် ချည်ပြီးကုတင်ပေါ်မှ ခြေထော
က်လွတ်အောင်ပြုလုပ်ကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။
ထပ်မံ၍ မေလ၁၃ ရက်က ပြည်မြို့၊ရွှေတံခါးရပ်ကွက်၊ရွှေတံခါးအပိုင်း(၃/၃)စုက္ခရုဘုရားလမ်း နေ အသက် ၃၃ နှစ်အရွယ်ထွန်းထွန်းဝင်း ဆိုသူ ဆွဲ ကြိုးချသေဆုံးခဲ့သည်။
၎င်းသည်နေအိမ်အရှေ့ဘက်တွင်ရှိသော အမြင့်
(၁၅)ပေခန့်ရှိ ရေတမာပင်သစ်ကိုင်းအား လက်သန်းလုံးခန့်ရှိအပြာ
ရောင် နိုင်လွန်ကြိုးဖြင့်ချီကာ ကျန်ကြိုးတစ်စအား လည်ပင်း
တွင်ချီလျှက် ၄င်း၏ယာခြေထောက်မှာ လည်ဂုတ်ပေါ်သို့ပြန်ချိတ်
ထားသည့် ပုံစံဖြင့်ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်။
ည်။
ဆွဲ ကြိုးချသေဆုံးမှုများနှင့်ပတ်သတ်ပြီး အမှတ်(၃)နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၇)(၂/၂၀၁၇)များလက်ခံရေးဖွင့်ကာ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ်ံစစ်ဆေးနေသည်။

No comments: