သစ်ကားမှောက်ပြီး မီးလောင်ရာမှ ကျွန်းနှင့် ပျဉ်းကတိုး သစ်ခွဲသား ၁၂ တန်ခန့် ဖမ်းမိ
ပန်းတောင်းမြို့နယ် ထုံး ဘိုတိုက်နယ်ရှိ ပုသိမ်-မုံရွာကား လမ်းတွင် သစ်ကားတစ်စီး တိမ်း မှောက်မီးလောင်ရာမှ ကျွန်းသစ် နှင့် ပျဉ်းကတိုးသစ်ခွဲသား စုစု ပေါင်း ၁၂ တန်ခန့် ဖမ်းမိခဲ့သည်။
သစ်တင်ဆောင်လာသည့် ၁၂ ဘီးယာဉ်သည် မတ်လ ၁၄ ရက်ညက ပုသိမ်-မုံရွာကားလမ်း ကမြိုင်လမ်းဆုံအနီးတွင် တိမ်း မှောက်ကာ မီးလောင်ကျွမ်းခဲ့ပြီး ကားပေါ်ပါ သစ်အချို့ မီးလောင်ခဲ့သည်။အဆိုပါယာဉ်မှ ကျွန်းသစ် နှင့် ပျဉ်းကတိုးသစ်ခွဲသားဆိုက်စုံ စုစုပေါင်း ၁၁ ဒသမ ၉၂၉၄ တန် သိမ်းဆည်းရမိကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ကားတိမ်းမှောက်တဲ့အခါ ကျကျန်ခဲ့တဲ့သစ်တွေက မီး လောင်ရာမှာ မပါဘူး။ မီးမ လောင်ဘဲ ကျန်ခဲ့တဲ့သစ်တွေကို သစ်တောဌာနက သိမ်းဆည်း ထားတယ်။ တရားဝင်၊မဝင်ကိုတော့ သစ်တောဌာနကပဲ စစ်ဆေးပြီး သစ်တောအက်ဥပဒေနဲ့ ဆက် လက်ဆောင်ရွက်မယ်။ သစ်ကား မောင်းသူက တိမ်းရှောင်သွား တော့ ယာဉ်မောင်းနဲ့ သစ်ပိုင်ရှင် တွေ စုံစမ်းနေတယ်’’ဟု အထက် ပါ ရဲအရာရှိက ပြောသည်။
သစ်ကားတိမ်းမှောက် မီး လောင်မှုကြောင့် ပျက်စီးဆုံးရှုံး သည့် သစ်နှင့် ယာဉ်တန်ဖိုး ကျပ်ကိုးသိန်းခန့် ရှိပြီး သိမ်းဆည်း ရမိသည့် ပျဉ်းကတိုးသစ်ဆိုက်စုံ ၆၄ ချောင်း၊ ကျွန်းသစ်ဆိုက်စုံ ခြောက်ချောင်း၏တန်ဖိုး ကျပ် ၅၁ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။
‘‘ယာဉ်တိမ်းမှောက်တဲ့အနီး မှာ စစ်ဆေးရေးဂိတ်လည်း ရှိ တယ်။ အစိုးရက ပဲခူးတိုင်းအတွင်း မှာ သစ်ထုတ်လုပ်ခွင့်တွေ ရပ်နား ခိုင်းထားတာကို ဘယ်လိုလုပ်ပြီး ကျွန်းနဲ့ပျဉ်းကတိုးသစ်တွေ သယ် လာလဲမသိဘူး’’ဟု ပန်းတောင်း မြို့ခံတစ်ဦးက ပြောသည်။
No comments: