တရားဥပဒေစိုးမိုးရေးဆန္ဒဖော်သူ အားခရိုင်ထွေအုပ်ခေါ်ယူဆွေးနွေး
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် တရားဥပဒေ စိုးမိုးရေး ဆန္ဒပြသူ ကိုဝင်းလှိုင် အား ပြည်ခရိုင်အ ထွေထွေ အုပ်ချုပ်ရေးမှူး က မတ်လ ၈ ရက်နေ့တွင်ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။
ဆွေးနွေးပွဲတွင် ကျားနှစ်ကောင်အရက်ချက်စက်ရုံ လည်ပတ်ခွင့်ပိတ် ကြောင်း၊
နေလကျောက်ဒိုင်တစ်ခုမှလွဲ၍မြစ်ကျောက်စရစ်စုပ်ယူခြင်းလုပ်ငန်းများရပ်ဆိုင်း
ကြောင်း
ပြည်လူငယ်ဆင်တာP yay Youth Centerသည်မိမိခွ င့်ပြုလုပ်ခဲ့ခြ င်းမဟုတ်ပြီးခဲ့ တဲ့အစိုးရလက်ထက် ကတည်းကပြည်သူ့ဆက်ဆံရေးရုံးအဖြစ် ပေးခဲ့ခြင်းဖြစ်ေ ကြာင်း
vivoဖုန်းကုမ္ပဏီပိုင်ရှ င်တရုတ်လူမျိုးမှာစီးပွားရေးအရအ လုပ်ဗီဇာဖြစ်ပြီး
ဧည့်ဗီဇာမဟုတ်ေ ကြာင်းစသည့်အချက်များကို ဆွေးနွေးသွားခဲ့ပါတယ်။
တရားရေးနဲ့ပါတ်သတ်သော အကြောင်းအရာ ကိစ္စအချို့ကို လည်း လာမည့် နှစ်ပတ် အ ကြာတွင် ရှင်းပေးမည်ဟု ခရိုင်ထွေအုပ်ကတိပြု ခဲ့ ပါတယ် ။
-
ညပိုင်းမြို့ထဲလမ်းမကြီးများပေါ်တွင်အေ မာင်းကြမ်း၊စတန့် ထွင်သောဆိုင်ကယ်များကိုရောက်စွာအရေးယူပေးမယ် လို့ လည်း ခရိုင်ထွေအုပ်က ပြောပါတယ် ။
ညပိုင်းမြို့ထဲလမ်းမကြ
မတ်လ၈ ရက်နေ့မနက် ၁၁ နာရီ၌ ခရိုင်ထွေအုပ်ရုံးတွင် တစ်ဦးချင်း တွေ့ဆုံခဲ့
ခြင်းဖြစ်ပြီး ဆွေး နွေးပွဲ ရလဒ် များကို ကိုဝင်းလှိုင် သူငယ်ချင်းကိုကျော်ဦးက ၄င်း၏လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာတွင်ဖော်ပြပေးထားပါတယ်။
https://mbasic.facebook.com/story.php?story_fbid=256871494771575&id=100013461785470&refid=17&_ft_=top_level_post_id.257317004727024%3Atl_objid.257317004727024%3Athid.100013461785470%3A306061129499414%3A2%3A0%3A1491029999%3A-7051355533454933446&__tn__=%2As
ကိုဝင်းလှိုင်သည်မတ်လ ၆ ရက်နေ့က ပြည်ခရိုင်တရားရုံး၊ ပြည်ခရိုင်ထွေအုပ်ရုံး အပါအဝင် ပြည်မြို့တွင်းလူစည်ကားရာနေရာများတွင် တရားဥပဒေစိုးမိုးရေးအတွက်တစ်ကိုယ်တော်တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
No comments: