နဝင်းတာရိုးရှိ နေအိမ် နှစ်ရာခန့် ဖယ်ရှားခိုင်းထား
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နဝင်းတာရိုး အနီးရှိ နေအိမ် ၁၉၈ လုံး ကို ဆည်မြောင်းဌာန မှ ဖယ်ရှားခိုင်းထား ကြောင်း ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဦးစန်းဦးကပြောသည်။
"ကျူးကျော်တွေမရှိရင် တာထိန်းသိမ်းရတာ ပိုလွယ်ပေါ့ ဒါပါဘဲ အဓိက " ဟု ဦးစီအရာရှိ ဦးစန်းဦး ကဆိုသည်။
တာတမံ ထိန်းသိမ်း ပြုပြင်မှု များ အတွက် နေအိမ် များသည် တာ နှင့် အနည်းဆုံး ပေ ၄၀ အကွာ ၌ ရှိရန် လိုအပ်သည် ဟုလည်း ၄င်းက ပြောသည်။
နေအိမ်များ အမြန်ဆုံးဖယ်ရန် နှင့် လိုက်နာဆောင်ရွက် ခြင်း မရှိသူများကို ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ဆည်မြောင်းဌာန က မတ်လ ၉ ရက်နေ့နေ့စွဲ ဖြင့် အကြောင်း ကြားစာပေးပို့ထားသည်။
အကြောင်း ကြားစာ နှင့်ပတ်သတ်ပြီး သက်ဆိုင်ရာဌာနအသီးသီး သို့ အသနားခံစာ တင်ပြရန် စီစဉ်နေသည်ဟုလည်း နဝင်းတာရိုးနေ မနုနုခိုင် က ပြောသည်။
"ဖယ်ရမယ်ဆိုရင်တော့ နေစရာ ထိုင်စရာစီစဉ်ပေး စေချင်တယ်။ နေစရာမရှိ ရင်တော့ တာရိုးပေါ်တက်နေ ရမှာ ဘဲ"ဟု မနုနုခိုင်က ဆိုသည်။
နဝင်းတာရိုနေမိသားစုများသည် လက်လုပ်လက်စား အခြေခံ လူတန်းစားများဖြစ်သည်။ ၄င်းတို့သည် မိုးတွင်းကာလ တာတမံ ရေစိမ့်ယိုမှု များ မဖြစ်အောင်ကာကွယ်စောင့်ရှောက်ခြင်း စသည့် တာတမံ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလေ့ရှိသည်။

No comments: