ပြည်မြို့၌ ဆောက်လက်စ ဟိုတယ် ၆ ထပ်အဆောက်အဦးပေါ်မှ ဓါတ်လှေကားတပ်ဆင်နေသည့် ၀န်ထမ်း တစ်ဦး ပြုတ်ကျသေဆုံး
သီဟလွင် (မြစ်မခ)
ပြည်၊ မတ်လ(၁၃)ရက်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ ကမ်းနားကမ်းရှိ ဆောက်လက်စ ဟိုတယ် ၆ထပ်အဆောက် အဦး၌ ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းခွင်ဝင်နေသည့် ၀န်ထမ်းတစ်ဦးမှာ ခြေချော်ပြုတ်ကျမကြောင့် အဆက်ဆုံးရှုံးခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှသိရသည်။
“အ
ခင်းဖြစ်ရပ်စစ်ဆေးခြင်း အခင်းဖြစ်မြေပုံကြမ်းရေးဆွဲခြင်းနဲ့ အခင်းဖြစ်ဓတ်ပုံရိုက်ကူးခြင်းနဲ့ သက် သေ များစုံစမ်းမြေးမြန်းခြင်းတွေပြုလုပ်နေပြီးတော့ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း စစ်ဆေးတာတွေပြုလုပ်သွားမှာပါ”ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။
မတ်လ ၁၂ရက် ညနေပိုင်းက ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းခွင်မှ ဦးနေလင်းမှာ အမြင့်ပေ ၅၀ခန့်ရှိ ဓာတ်လှေကား လမ်းကြောင်းအတိုင်း မြေညီထပ်သို ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
သေဆုံးသူအား ရဲဆေးစာဖြင့် ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၇ ဖြင့်အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
No comments: