Header Ads

BannerFans.com
Breaking News
recent

ရပ်ကျေးဆန္ဒမျက်ကွယ်ပြုတဲ့ဇီးကုန်း NLD မြို့နယ်ပါတီကို ရပ်ကျေးကော်မတီကဆန္ဒပြ

ပဲခူး၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရပ်ကျေးပါတီဝင်များစုပေါင်းကာ ရပ်ကျေးဆန္ဒသဘောထားများ မျက်ကွယ်ပြုသည်ဟုဆိုကာ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ဇီးကုန်းမြို့ စာတိုက်လမ်းမှစတင်ကာ မြို့နယ် NLDရုံးရှေ့ထိ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်ခဲ့သူ ဇီးကုန်းမြို့ သစ်နဖားရွာမှ ပါတီအုပ်စုမှူးဖြစ်သူ ဦးသန်းအောင်က "ကျွန်တော်ပါတီကိုချစ်လို့ ပေးဆပ်ခဲ့တာ ၈၈ ခုနှစ်ကတည်းကပါ၊ အမေစုရဲ့မေတ္တာကို ခုချိန်ထိခံယူနေတဲ့သူပါ။ ခုမြို့နယ်မှာ ဥက္ကဋ္ဌကစလို့ ကော်မတီဝင်တွေအားလုံးဟာ ရပ်ကျေးဥက္ကဋ္ဌတွေရဲ့ ဆန္ဒတွေ သဘောထားတွေကိုမျက်ကွက်ပြုပြီး ခုနေရာကိုရယူထားထားကြတဲ့သူတွေဖြစ်ပါတယ်၊ NLDအမည်ခံ နိုင်ငံရေးလုပ်စားသူတွေပါ။ ဒါကိုတိုင်းရော ဗဟိုကပါ မျက်ကွယ်ပြုထားပါတယ်။ ဒါကိုလည်းရှုံ ချပါတယ်" ဟု 
၎င်းဆန္ဒဖော်ထုတ်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပြီး NLDပါတီ၏ ပါတီတွင်းပြန်လည်ရွေးချယ်ပွဲ ရပ်ကွက်နှင့်ကျေးရွာများမှ ဦးသန်းအောင်အား မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ပါတီတွင်းရွေးကောက်ပွဲနှင့် ရွေးချယ်ခဲ့သော်လည်း ခရိုင်နှင့် တိုင်းဒေသကြီးတို့မှ ပယ်ချခဲ့ကြောင်း သိရသည်။

"အခုမြို့နယ်ဥက္ကဋ္ဌဆိုသူက နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်ကို ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာလုပ်စာနေတာတွေရှိတယ်၊ ရပ်ကွက်ကျေးရွာတွေကတင်ပြတာတွေကို အလေးမထားပဲနဲ့ သူ့အကျိုးဖြစ်မဲ့လုပ်ငန်းတွေကိုလုပ်တွေကိုပဲလုပ်တယ်၊ ဒါကို မြို့နယ်ကော်မတီဟာ ဖွဲ့ပုံမမှန်ကန်ဘူး လူမှန်နေရာမှန်မဖြစ်ပါဘူးလို့ ၁၅ ရက်နေ့က မြို့နယ်မှာတင်ပြတာကို ဥပဒေမဲ့စွာ ရိုက်မယ်ပုတ်မယ်ဆိုပြီး မြို့နယ်ကော်မတီတွေကပြောတယ်။ တိုင်းကလည်း သူတို့ကိုရှာကြွေးနေတော့ ဒါကိုမျက်ကွယ်ပြုထားတယ်၊ ဒါကြောင့် တိုင်းဥက္ကဋ္ဌကိုလည်း ပြင်းပြင်းထန်ထန်ကန်ကွက် ရှုံ့ချပါတယ်" ဟု ဦးသန်းအောင်က
ပြောသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကို ဇီးကုန်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဥက္ကဋ္ဌများစုစုပေါင်း ၂၀ ဦးခန့်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရှိရပြီး NLD ပါတီ ဇီးကုန်မြို့နယ် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ဦးသန်းအောင်အပါအဝင် ရပ်ကျေးပါတီဥက္ကဋ္ဌ အချို့အား ပါတီမှထုတ်ပယ်ထားကြောင်း ၎င်း၏လူမျုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

#ပြည်သတင်းစဉ်
09798259649

No comments:

icman. Powered by Blogger.