သက်ငယ်မုဒိန်းသေဒဏ်ပေးရန်အမျိုးသမီးနှင့်ကလေးငယ်များပါဝင်တောင်းဆို
ဖေဖေါ်ဝါရီ ၂၅
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် သက်ငယ်မုဒိန်းမှု့များအားသေဒဏ်ပေးရန် တောင်းဆိုမှု့တစ်ခုကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်က အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင်မြို့ခံလူထု ၅၀ ကျော်က ပြုလုပ်ခဲ့သည်။
"သက်ငယ်မုဒိန်းကိစ္စကိုတော့လုံးဝသက်သက်ညှာညှာမလုပ်သင့်ပါဘူး။သက်ငယ်မုဒိန်းကိစ္စကိုပြင်းပြင်းထန်ထန်ကိုလုပ်သင့်တယ်" ဟုတောင်းဆိုပွဲတွင်ပါဝင်သော ကိုညီညီအောင်မှဆိုသည်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လွှတ်ငြိမ်းချမ်းသာခွင့်တွေကိုစိစစ်ပြီးမပေးခဲ့သည့်အတွက်လက်ရှိဖြစ်စဉ်တွေဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ၎င်းကဟြေသည်။
"ဒီလိုမျိုးဥပဒေလျော့ရဲမှု့ကြောင့် ပိုများဟြးလာတယ်လို့ကျွန်မယူဆတယ်။အဲ့အတွက်ဥပဒတစ်ရပ်ပြဌာန်းပေးဖို့သေဒဏ်ပေးဖို့ကိုကျွန်မတောင်းဆိုပါတယ်"ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူမပူစူးမှဆိုသည်။
တောင်းဆိုဆန္ဒဖော်ထုတ်သူများသည် "သက်ငယ်မုဒိန်းနှင့်လူသတ်မဒိန်း သေဒဏ်ပေး" စာသားပါတီရှပ်အဖြူအများကိုဝတ်ဆင်ပြီး ဗီနိုင်းနှစ်ခုကိုင်ဆောင်ကာ ဗိုလ်ချုပ်ကျောက်ရုပ် မှ ပြည်ဘူတာရုံထိချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
#ပြည်သတင်းစဉ်
09798259649
No comments: