Header Ads

BannerFans.com
Breaking News
recent

"စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ပရိဟတပုံရိပ်ပွဲတော်"

စာပေချစ်သူများ
**ကဗျာချစ်သူများ
**ပန်းချီချစ်သူများ
**ကာတွန်းချစ်သူများ
**ဂီတချစ်သူများ
**ယဉ်ကျေးမှုချစ်သူများ
**ပရဟိတ ချစ်သူများ
**မြန်မာ့ရိုးရာ သိုင်းပညာ ချစ်သူများ
နှင့်
**​ဗေဒင်​ ဂမ္ဘီရ ချစ်သူများ
သိုက်​သိုက်​၀န်းဝန်း စုပေါင်း၍
အထူးတွေ့ဆုံဖျော်ဖြေတင်ဆက်ကြမည့်

"စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ပရိဟတပုံရိပ်ပွဲတော်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
$$$$$$$၀င်ကြေး အခမဲ့ $$$$$$$$$

(အထူးအစီအစဉ်များ)
အချိန်.....................နံနက် ၉နာရီ မှ ည၁၀နာရီထိ
နေ့ရက်....................၂၄-၂-၂၀၁၈(စနေနေ့)
နေရာ......................ခေတ္တရာ မြို့တော်ခန်းမကြီး၊
ပြည်မြို့။

***​ဗေဒင်​ ဂမ္ဘီရ ချစ်သူများအတွက်***
ဆရာအုန်းချစ်မြိုင်+ဆရာမ၀င်းမာအေး
(ကံကြမ္မာကျောင်းတော်ကြီး)မိသားစု
ဦးဆောင်ပြီး
နံနက် ၉နာရီ မှ ညနေ၃နာရီထိ
အဘ မင်းသိင်္ခ ၏ မှော်ဘီ မရမ်တလင်း အယူတော်မင်္ဂလာ ယတြာအောင်မြေ မှ
ဆရာ ဆရာများ(အင်အား ၅၀ကျော်)က
ပရိဟတ ​ဗေဒင်​ ရွာအဖြစ်
ယာယီ ​ဗေဒင်​ခန်းများဖွင့်ပြီး ဧည့်သည်တော် များကို
ကံဇာတာ စစ်ဆေးပြီး မေတ္တာဖြင့် ​ဗေဒင်​ ဟောပေးကြမှာဖြစ်ပြီး ပရိသတ်​တို့ မေတ္တာ တုန့်ပြန်ပူဇော်လှူဒါန်းသော ဥာဏ်ပူဇော်ခ တို့ကို
ပရဟိတ အသင်းသို့ လှူဒါန်း သွားမည်ဖြစ်သည်။

***ကာတွန်း ချစ်သူများ***အတွက်
ကာတွန်း ဆရာကာဠု
ကာတွန်း ဆရာလူကြီးတို့မှ ဦးဆောင်ပြီး
ကာတွန်းဆရာများက
ကြွရောက်လာကြပါသော ဧည့်သည်တော် များကို
ကာရေကချားရေးပေးခြင်းဖြင့်
ပါဝင်ဖျောဖြေပါမည်

***ပန်ချီးချစ်သူများ***အတွက်လည်း
ပန်းချီ ဆရာဆရာမ ၁၂ဦး၏
ပန်းချီကား လက်ရာစုံက တ၀ကြီး ကြည့်ရှူ့
ခံစားခွင့်ရကြပါလိမ့်မည်။

***ဂီတ ချစ်သုများအတွက်***
Hope Charity Myanmar အနုပညာရှင်းများပါဝင်သော လူမှုအကျိုးပြု ပရဟိတ အသင်းမှ
ပင်တိုင်အဆိုရှင်များက
တေးသီချင်း များဖြင့် ဖျော်ဖြေကြပါမည်။

***သိုင်းပညာ နှင့် ကာယသိဒ္ဓိ အစွမ်းများ
ချစ်သူများအတွက်***

မြန်​မာနိုင်​ငံ သိုင်းအဖွဲ့ချုပ်အသိအမှတ်ပြု
ဇေယျသိဒ္ဓိသိုင်းအဖွဲ့မှ
ဦးဆောင် ပင်မဆရာကြီး
ဆရာမိုးမိုက်မိုက်(ပြည်သူ့ရေးရာ)မှ တာဝန်ယူပြီး
အဖွဲ့သားအင်းအား ၅၀ကျော်ဖြင့်
အသက်နဲ့ရင်း၍ အထူးအဆန်း ပြသရပါသော
မြန်​မာ့ရိုးရာ သိုင်းစွမ်းရည်ပြပွဲကို
ညနေ ၄နာရီ မှ ၆နာရီ အတွင်း
ဖျော်ဖြေ တင်ဆက်ပြသပါမည်။

***စာအုပ်ချစ်သူများအတွက်***
ဆရာ ကိုပြုံးဧကရာဇ် ၏ ရွာရနံ့ မော်ကွန်း စာအုပ်သစ်ကို
မိတ်ဆက်ပွဲဖြင့် စတင်ဖြန့်ချီမှာဖြစ်ပြီး
ဝယ်ယူအားပေးသူစာဖတ်ပရိတ်သတ်များအား
စာရေးသူမှ အမှတ်တရ လက်မှတ်ရေးထိုးပေးပါမည်။

***ကဗျာ ချစ်သူများအတွက်***
စာအုပ်မိတ်ဆက်ပွဲ နှင့်တွဲဖက်၍
ကဗျာဆရာ လူခါးဝေ ဦးဆောင်သော အဖွဲ့မှ ခေတ်ကိုထင်ဟပ်စေသော ကဗျာ
များကို
ရွတ်ဖတ်ကြပါမည်။

***စာပေချစ်သူများအတွက် အထူးအစီအစဉ်*** အဖြစ်
စာပေဟောပြောပွဲ ကို
ဆရာမောင်လှမျိုး (ချင်းချောင်းခြံ)
ဆရာအရိုး
ဆရာခန့်ကျော်စွာ
တို့မှ သုတ ရသ စုံလင်​ မြိုင်ဆိုင်စွာဖြင့်
ည ၇နာရီ မှ ၁၀နာရီ အထိ ဟောပြောကြပါမည်။

***ပရဟိတ ချစ်သူများ***အတွက်တော့
Hope Charity Myanmar ပရဟိတ အသင်းကြီးမှ ဂုဏ်ပြုလက်မှတ်များ
ချီးမြှင့်ပေးပါမည်။

အထူးအစီအစဉ်တွေ အများကြီး နဲ့
တခမ်းတနား ကျင်းပပြုလုပ်မည်ဖြစ်သော
ပရဟိတပုံရိပ်ပွဲတော်ကြီးမှာ အတူဆုံကြရအောင်
လေးလေးစားစားဖိတ်ကြားပါ၏
မပျက်မကွက် ကြွရောက်ပေးခြင်းဖြင့်
ကျနော် တို့ ပရဟိတ အသင်းကြီးကို ချီးမြှင့်တော်မူကြပါခင်ဗျား

ခန့်ကျော်စွာ
09 423 660 145

#ပြည်သတင်းစဉ်
09798259649

No comments:

icman. Powered by Blogger.