Header Ads

BannerFans.com
Breaking News
recent

`ပရဟိတ ပုံရိပ်ပွဲတော် ၂၀၁၈´´´ နှင့် ```အစီစဉ်များ´´´


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပထမဦးဆုံး နှင့် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည့် ၂၀၁၈ ခုနှစ် စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊ပရဟိတ ပုံရိပ်ပွဲတော်ကြီးကို အနုပညာရှင်များစွာပါဝင်လှုပ်ရှားအားဖြည့်တည်ထောင်ဖွဲ့စည်းထားသည့် Hope Charity Myanmar လူမှုအကျိုးပြု ပရဟိတအသင်း မှ ဦးစီးကျင်းပပြုလုပ်မည်ဖြစ်သော ပြည်မြို့၏ ပထမဦးဆုံး လူထုအကျိုးပြု အသိပညာပေးပွဲတော်ကြီးအား ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ {၂၄}ရက် စနေနေ့ နံနက်{၉း၀၀} အချိန်မှစတင်၍ ည{၁၀း၀၀}အချိန်အထိ အပိုင်း{၅}ပိုင်းခွဲကာ ပြည်မြို့ မြို့တော်ခမ်းမကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါပွဲတော်ကြီးကို ပြည်မြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊စာပေ၊ဂီတ၊ကဗျာ၊ကာတွန်း၊ပန်းချီ၊ဓာတ်ပုံ နှင့် ဂမ္ဘီရပညာလေ့လာလိုက်စားကြသည့်ဆရာ/မများ အပါဝင် အခြားအသင်းအဖွဲ့များတို့၏ အားပေးကူညီမှုများ ပါဝင်ပူးပါင်းမှု့များစွာဖြင့် လုပ်ငန်းရှင်များ၊အလှူရှင်များ စိတ်ပါဝင်စားသော ပရိတ်သတ်များတို့၏ အင်အားများစွာတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားတွင် ပါဝင်မည့်အစီအစဉ်အချို့များမှာ နိုင်ငံကျော်စာရေးဆရာကြီးများ၏ သုတ၊ရသ၊စာပေဟောပြောပွဲများ၊အနုပညာရှင်များစွာ၏ ဖျော်ဖြေတင်ဆက်မှု့များ၊ပြည်မြို့ရှိ ကဗျာ၊ကာတွန်း၊ဓာတ်ပုံ၊ပန်းချီ ဆရာ/မများတို့၏ ကဗျာ၊ကာတွန်း၊ဓာတ်ပုံ၊ပန်းချီ ပြပွဲများရွတ်ဆိုပွဲများ၊ Hope Charity Myanmar ၏ Charity ပြပွဲများစွာပါဝင်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါပွဲတော်ကြီးတွင် `နေဆေး´စာပေ၊`သုခ´စာပေတို့နှင့် ပရဟိတစာပေ တို့မှ စာအုပ်ပြခန်းများဖွင့်လှစ်ပြီး စာအုပ်များရောင်းချပေးသွားမှာဖြစ်ပြီး ရောင်းချရရှိသည့် အမြတ်ငွေများကို ပရဟိတရံပုံငွေအဖြစ် ပြန်လည်လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ဗေဒင်/လက္ခာဏာပညာရှင် ဆရာ/မ များမှလည်း ဗေဒင်စိတ်ပါဝင်စားသူများအား ဟောပြောကြည့်ရှု့ပေးမှု့များပြုလုပ်သွားမှာဖြစ်ပြီး ရရှိလာမည့် ည
ဥာဏ်ပှုဇော်ခများကိုလည်း ပရဟိတရံပုံငွေအဖြစ် ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါသည်။

ဖျော်ဖြေရေးအစီအစဉ်များအဖြစ် Hope Charity Myanmar မှ ပင်တိုင်တေးသံရှင်များ၏ တေးသီချင်းဖျော်ဖြေမှု့များ၊ပြည်မြို့ရှိ တေးသံရှင်များ၏ တေးသီချင်းဖျော်ဖြေမှုများ၊ရှမ်းအိုးစည်များတီးခတ်ကပြဖျော်ခြင်းများ{တုတ်၊ဓား၊လှံစသည့်တို့အား သိဒ္ဓိစွမ်းရည်ပြခြင်းများ}စသည်ဖြင့် စိတ်ဝင်စားဖွယ်စုံလင်စွာကပြဖျော်ဖြေတင်ဆက်မှု့များစွာပါဝင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် Hope Charity Myanmar ၏ Charity Themes များဖြစ်သော Hope For Children ၊ Hope For Peace ၊ Save the Green ၊ Human Right ၊ LGBT Right အစရှိသည့်အခန်းကဏ္ဍများစွာကို Photoshooting Booth များထားရှိပေးသွားမည်ဖြစ်သောကြောင့် ဧည့်ပရိတ်သတ်များအနေ နှင့် မိမိတို့စိတ်ပါဝင်စားသော ပရဟိတကဏ္ဍများတွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများဖြင့် ပါဝင်လှုပ်ရှားနိုင်မည်ဖြစ်ပါသည်။

အဆိုပါပွဲတော်ကြီးသို့ ကြွရောက်လာမည့် ဧည့်ပရိတ်သတ်များအား စပွန်ဆာ ကုမ္ပဏီများ ကော်ဖီ၊အအေး၊မုန့် စသည်များဖြင့် တည်ခင်းဧည့်ခံခြင်းများ၊ကံစမ်းမဲအစီအစဉ်များစွာပါဝင်သွားမှာဖြစ်ပြီး နယ်ပယ်မြို့နယ်များစွာအစုံ ပရဟိတလုပ်ငန်းမျိုးစုံတို့ကို တနေရာထဲတွင်ပါဝင်နိုင်ခြင်း နှင့် စာပေ အသိပညာ ဗဟုသုတ မြောက်များစွာတို့ကိုပါ ပေးစွမ်းသွားမည်ဖြစ်ပါသည်။

အခမ်းအနားအစီစဉ်တစ်ချို့ကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် စနေနေ့ ပြည်မြို့ မြို့တော်ခန်းမကြီးမှာ နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ဖွင့်ပွဲအခမ်းအနား၊ နံနက် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဖျော်ဖြေရေးအစီစဉ်များ၊ ညနေ ၄ နာရီမှ ၅ နာရီအထိ ကဗျာရွတ်ဆိုပွဲများ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ စာပေဟောပြောပွဲများ စသည်ဖြင့် အစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။

ထို့ကြောင့် ပြည်မြို့ စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊ပရဟိတပွဲတော်ကြီးသို့ အင်တိုက်အားတိုက်တက်ရောက်ချီးမြှင့်ပေးနိုင်ရန် မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးတို့ကို လေးစားစွာဖိတ်ကြားအပ်ပါသည်။

ပရဟိတ ပုံရိပ်ပွဲကြီးဖြစ်မြောက်ရေးအတွက် Sponsor အဖြစ်ပါဝင်လိုသော လုပ်ငန်းများအနေ နှင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များထံသို့ ဆက်သွယ်၍ ပါဝင်ကူညီပံ့ပိုးနိုင်ပါကြောင်း လေးစားစွာမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

Sponsor များပူးပေါင်းပါဝင်ကူညီနိုင်ပါသည်။

ပွဲဖြစ်မြောက်ရေးကော်မတီ

၁။ 09.403424626
၂။ 09.423660144
၃။ 09.253311019
၎။09.423674245 တို့ကိုဆက်သွယ်နိုင်ပါသည်။

```နောက်ဆက်တွဲ ဖြည့်စွပ်အနေဖြင့်´´´

"Hope Charity Myanmar"
အနုပညာရှင်များပါဝင်သော လူမှုအကျိုးပြု ပရဟိတအသင်း
မှ
စီစဉ် ကျင်းပပြုလုပ်သော
ပြည်မြို့ ၏ ပထမဦးဆုံး လူထုအခြေပြု အသိပညာပေးပွဲတော်ကြီး
"စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊
ပရိဟတ ပုံရိပ် ပွဲ​တော်​"တွင်

"၂၄ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၈ခုနှစ်။ စနေနေ့"

နံနက် ၉နာရီ အချိန်မှ ည ၁၀နာရီ အချိန်ထိ
ပြည်မြို့။ "ခေတ္တရာ မြို့တော်ခန်းမကြီး"
တွင်
အောက်ပါအစီအစဉ်အတိုင်း ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ပါကြောင်း
ကြိုတင် သတင်းကောင်းပါးလိုက်ရပါတယ်။

အစီအစဉ်​များမှာ
၁။
ဖွင့်ပွဲ အခမ်းအနား နှင့်
ဂုဏ်ပြု မိတ်ဆက် အခမ်းအနား
နံနက် ၉နာရီ မှ ၁၂နာရီ အထိ
၂။
ဖျော်ဖြေရေးအစီအစဉ်များ
နေလယ် ၁နာရီမှ ညနေ ၃နာရီ ထိ
တေးဂီတတို့ဖြင့်ဖျော်ဖြေမှာဖြစ်ပြီး
အထူးဧည့်သည်တော်အဖြစ် အဆိုတော် ဟန်ထူးဈာန် မှ
ပါဝင်လာရောက်အားဖြည့်ဖျော်ဖြေပါမည်။
၃။
မြန်မာ့ရိုးရာ သိုင်းစွမ်းရည်ပြပွဲ
ညနေ၄နာရီမှ ၅နာရီ အထိ
ပင်မဆရာကြီး ဆရာမိုးမိုက်မိုက်(ပြည်သူ့ရေးရား)ဦးစီးသော
ဇေယျာသိဒ္ဓိ သိုင်းပင်မအဖွဲ့မှ
အထူးဖျော်ဖြေတင်ဆက်ပါမည်။
၎။
စာအုပ်မိတ်ဆက်ပွဲ
ဆရာကိုပြုံး(ဧကရာဇ်)၏
ရွာရနံ့စာစုများ
စာအုပ်သစ်ထုတ်ဝေဖြန့်ချီခြင်း
မိတ်ဆက်ပွဲကို
ညနေ၅နာရီ မှ ၆နာရီ အတွင်း
ကျင်းပပါမည်။
၅။
စာပေဟောပြောပွဲ
ည၆နာရီမှ ၁၀နာရီ ထီ
စာပေဟောပြောပွဲ ကို
ဆရာမောင်လှမျိုး (ချင်းချောင်းခြံ)
ဆရာအရိုး
ဆရာခန့်ကျော်စွာတို့မှ
စာပေသုတရသစုံလင်စွာ မြိုင်​မြိုင်​ဆိုင်​ဆိုင်​ ဟောပြောကြမည်ဖြစ်ပြီး
အထူးဧည့်သည်တော်အဖြစ်
ဆရာအုန်းချစ်မြိုင်(ကံကြမ္မာကျောင်းတော်ကြီး)မှလည်း ပရဟိတ နှင် ​ဗေဒင်​ ဂမ္ဘီရ ကိုအဖွင့်စကားအဖြစ်ပြောကြားပေးမည်ဖြစ်ပါသည်။

၆။
ထူးထူးခြားခြား အစီအစဉ်​ များကတော့
(က)​ပရဟိတ ရံပုံငွေဗေဒင်ဟောပွဲကြီး အတွက်
အဘမင်းသိင်္ခ၏
မှော်ဘီ မရမ်တလင်း အယူတော်မင်္ဂလာ ယတြာအောင်မြေ မှ
ဗေဒင်​ ဆရာ ဆရာများ
အင်အား၅၀ကျော်ဖြင့်
ယာယီဗေဒင်ဟောခန်းများဖွင့်ပြီး
ကြွရောက်လာကြပါသော ရွှေပွဲလာငွေပွဲလာ ဧည့်သည်တော်ကြီးများကို
ဗေဒင်​ ဟောပြောပေးမှာဖြစ်ပြီး
ရရှိလာသော ဥာဏ်ပူဇော်ခ ငွေများကို
ပရဟိတ အဖွဲ့သို့ လျူဒါန်းသွားကြမည်ဖြစ်ပါကြောင်း။

(ခ)
စာအုပ်အရောင်းဆိုင်တန်းကြီးများဖွင့်ထားပြီး
စာအုပ်ဝယ်ယူနိုင်ရန်အစီစဉ် နှင့်

(ဂ)
ပန်းချီပညာရှင် ၁၂ ဦး၏ ပန်းချီကား လက်ရာများကို
ပန်းချီ အနုပညာ ခံစားခွင့်ရရန် ခင်ကျင်းပြသထားသည့် အစီအစဉ်​များပါဝင်သော

အထူးအထူး အစီအစဉ်​ များဖြင့်
တနေကုန်ကျင်းပမည့်
ပွဲ​တော်​ ကို စောစောလေးသာကြွရောက်ခဲ့ကြပါဗျို့
ဟု
လေးလေးစားစားဖိတ်ကြားလိုက်ရပါသည်။

ပွဲဖြစ်မြောက်ရေးကော်မတီ

၁။ 09.403424626
၂။ 09.423660144
၃။ 09.253311019
၎။09.423674245 တို့ကိုဆက်သွယ်နိုင်ပါသည်။

#ပြည်သတင်းစဉ်
09798259649

No comments:

icman. Powered by Blogger.