Header Ads

BannerFans.com
Breaking News
recent

ပြည်ရဲတပ်ရင်း ၁၀ ရဲမှူး ယာဉ်တိုက်မှုဖြစ် အမှုကြေအေး



ပြည်ရဲတပ်ရင်း ၁၀ ရဲမှူး ယာဉ်တိုက်မှုဖြစ် အမှုကြေအေး
ဧပြီ ၃၀ ရက်ည ပိုင်းက ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နယ်ရဲတပ်ရင်း ၁၀ မှ ရဲမှူး တစ်ဦး မောင်းနှင်လာသည့် ရဲတပ်ဖွဲ့ ကားသည် မီးသတ်ရဲဘော်တစ်ဦးကို ၀င်တိုက်ခဲ့သည်။
ထိုနေ့ ည ၈ နာရီ ခွဲအချိန်က ပြည်မြို့ န၀င်းရက်ကွက် မီးသတ်ကင်းတဲ အနီး မီးသတ်များ လေ့ကျင့်နေစဉ် တပ်ရင်း ၁၀ မှ ရဲမှူးမောင်းနှင်လာသည့် ရဲကား2D ၆၈၀၄ က အသက် ၁၇ နှစ်အရွယ် မီးသတ်ရဲဘော် ကိုဖြိုးဝေကို နောက်က ၀င်တိုက်ခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

“ကျနော်တို့ဘေးက ဘယ်ညာဘယ်ညာလျောက်နေတဲ့ကလေးကို တိုက်သွားတာ ။ ရက်မယ်မှတ်နေတာ သူတို့ကမောင်းပြေးတယ်“ဟု မီးသတ်ရဲဘော်ကိုအောင်ဆန်းဦးကပြောသည်။
မီးသတ်ရဲဘော်နှစ်ဦးဖြစ်သည့် ကိုအောင်ဆန်းဦး ကို သန့်ဇင်ဆိုသူတို့က နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ခဲ့ပြီး န၀င်းချောင်းကူးတံတား အလွန်တွင် ရဲကား ကို တားဆီးခဲ့သည်။ရဲမှူးက မရပ်ပေးဘဲ လိုက်လာသည့် ဆိုင်ကယ်ကိုပါဝင်တိုက်ခဲ့သည်။

မီးသတ်ရဲဘော်နှစ်ဦးက အသေခံပိတ်ရပ်၍ ရဲကားအားဖမ်းဆီးခဲ့ရာ ယာဉ်မောင်းဖြစ်သူ နှင့်ကားပေါ်ပါသူစုစုပေါင်း လေးဦးကို ရမိပြီး န၀င်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သည်။
သို့သော် န၀င်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းနေစဉ် အမှတ်(၁) ရဲစခန်း မှရဲအုပ်ကိုကိုအောင် (အရပ်ဝတ်ဖြင့် ရောက်လာသူ) က သတင်းရယူခြင်းမပြုရန် ဆဲဆိုဟန့်တားမှုများပြုလုပ်ခဲ့သည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုတေဇကိုလည်း ရိုင်းပြဆော်ကားဆက်ဆံမှုများပြုလုပ်ကာ တရားခံကို ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်။
“အုပ်ချုပ်ရေးမှူး အခု ဖြစ်တဲ့ကောင်လေးတွေကို သေဒဏ်ချပေးရမလား။ ဖြစ်ချင်သလိုပြောရတယ်။ သတ်ပစ်ဆိုလဲ သတ်ပစ်ပေးမယ်“ဟု ၄င်းကဆိုသည်။

ဖြစ်စဉ်တွင် ဖြိုးဝေ သည် ဘယ်ဘက်ပခုံးအောင့် ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ရဲဘော်ကိုအောင်ဆန်းဦး ၏ ဆိုင်ကယ်မှာ မားလကတ် ၊ ကာဗာ များကွဲကြေပျက်စီးခဲ့ရသည်။ ကိုသန့်ဇင်၏ ခြေထောက်လဲနာကျင်ဒဏ်ရာရရှိခဲ့သည်။ နစ်နာသူများကို ရဲမှူးက လျော်ကြေးငွေ စုစုပေါင်း သုံးသိန်းကျပ်ပေးသဖြင့် အမှုကြေအေးခဲ့သည်ဟု ကာယကံရှင်များကပြောသည်။


No comments:

icman. Powered by Blogger.