သကြားစက် ၀န်ထမ်းများအလုပ်ထုတ်ခံရခြင်း ဒုတိယအကြိမ် ညှိနှိုင်းမှု မအောင်မြင်
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့
မြရွာသကြားစက် ရုံ မှ အလုပ်သမားအချို့ အလုပ်ထုတ်ခဲ့ရ မှု အတွက် မေလ ၅
ရက်တွင်ပြည်မြို့နယ်အုပ် ချုပ်ရေးမှူးရုံး ပုလဲသီတာခန်းမ ၌ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က
ဒုတိယအကြိမ်ညှိနှီုင်းခဲ့သော်လည်း အလုပ်ရှင်အလုပ်သမား သဘောတူညီချက်မရခဲ့ပေ။
‘’တစ်ဦးကို ဆယ်သိန်း
ရှစ်သောင်းလိုချင်ပါတယ်။ ရလို့ရင် ကျနော်တို့ဒီမှာရပ်ပါမယ်။ မရရင်
ကျနော်တို့ဆက်တက်ပါမယ်”ဟု အလုပ်သမား ခေါင်းဆောင်တစ်ဦးကညှိနှိုင်းခဲ့သည်။
ဒုစက်ရုံမှူး ဒေါ်နီနီမော်က
“ကျမအနေနဲ့ပြောရရင် အလွန်ဆုံးတစ်လစာ(၁၂၀၀၀၀)ဘဲ ။ MDရဲ့ဆုံးဖြတ်ချက်နဲ့မဟုတ်ဘဲ
ကျမရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောပေးမယ်”ဟုဆိုသည်။
ပြည်မြို့နယ် ကုန်းသလင်းကျေးရွာ
အုပ်စု မြရွာကျေးရွာ အမှတ် (၁၂) နဝဒေးသကြားစက်တွင် မတ်လ အတွင်းက စက်ရုံအလုပ်သမား
၄၄ ဦးကို လုပ်သားလျော့အင်အားလျော့သည့် အနေဖြင့် အလုပ်ရပ်နားခဲ့ပြီး
အလုပ်သမား၁၇ ဦးက ပြန်လည်တိုင်တန်းခဲ့ ခြင်းဖြစ်သည်။
တိုင်တန်းသူ ၁၇ ဦးသည် လုပ်သက်
အနည်းဆုံး ၂ နှစ် မှ ၉ နှစ်အထိ အလုပ်လုပ် ကိုင်ခဲ့သူများဖြစ် ကြပြီး
လုပ်ငန်းခွင်ပြစ်ချက်တစ်စုံတစ်ရာမရှိပေ။အလုပ်သမားများက ဥပဒေ နှင့်အညီ
လုပ်သက်ဆု ၊ လုပ်အားဆု ၊ အချိန်ပိုကြေး များရလို ကြောင်း
တိုင်ကြားခဲ့ ကြပြီး ဧပြီလ
၂၅ ရက်ကပထမအကြိမ် ညှိနှိုင်းခဲ့သေးသည်။
အလုပ်ထုတ်ခံရသော
ပါမစ်နစ်အမြဲတမ်းလုပ်သားများ ကို နစ်နာကြေး၃ လစာနှင့်
လုပ်သက်ခံစားခွင့် တစ်နှစ်စာ၂ သောင်းကျပ်ပေးပြီး၊
ရာသီချိန်ဆက်ခန့်လုပ်သားကို နစ်နာကြေး ၁လစာ ပေး သည်ဟု စက်ရုံတာဝန်ရှိသူများ က
ပြောသည်။
ထိုနေ့က
ညှိနှိုင်းမှုမအောင်မြင်ခဲ့သဖြင့် မေလ ၈ ရက်တွင် တတိယအကြိမ်ညှိနှိုင်းရန်
အလုပ်သမားဖြန်ဖြေရေးအဖွဲ့က ထပ်မံချိန်းဆိုခဲ့သည်။“သုံးကြိမ်
သုံးခါညှိနှိုင်းလို့မရရင်တိုင်းကိုတင်ပေးမယ်။
ဒီမှာပြတ်ပြတ်သားသားဖြစ်ရင်ပိုကောင်းတာပေါ့ ”ဟုဖြန်ဖြေရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။
ညှိနှိုင်းချက်အဆင်မပြေမှုနှင့်ပတ်သတ်ပြီး
“အခုဘဲကျနော်တို့ ကုမ္ပဏီကိုချက်ချင်းတင်ပြပြီးပြီ။ decision ကပြတ်ပြီးသား။
သူတို့ဘက်က အဲဒါမလျော့ဘူးဆိုရင် ဒီအတိုင်းဘဲတိုင်းရောက်မှာ ။ အခုတော့
ကျနော်တို့ဥပဒေပညာရှင်မခေါ်သေးဘူး။ တိုင်းရောက်ရင်တော့ ကုမ္ပဏီက ဥပဒေပညာရှင်နဲ့
ဘဲပြောတော့မှာ”ဟု စက်ရုံတာဝန်ရှိသူတစ်ဦးက ဆိုသည်။
အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို အောင်ကိုမင်းက
“နောက်တစ်ကြိမ်အဆင်မပြေရင် ပဲခူး တက်မယ်။ နိုင်ငံတော်သိအောင်ဆန္ဒပြမယ်”ဆိုသည်။
မြရွာသကြားစက်တွင် အလုပ်သမား ၂၇၃
ဦး ရှိပြီး လုပ်သားတစ်ဦး၏ အခြေခံလစာ ၄၅၀၀၀ ၊ ပံ့ပိုးငွေ ၇၅၀၀၀
ရရှိပြီး အချိန်ပိုကြေး တစ်နာရီ ၄၃၂ကျပ် ရရှိသည်။
No comments: