ပြည်မြို့ တွင် အင်တာနက်ကဖေးဆိုင်တစ်ခု ဓါးထောက်လုယက်ခံရ
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင်
မေလ ၁၁ ရက်က အင်တာနက်ကဖေးဆိုင်တစ်ခုကို လူနှစ်ဦးက
ဝင်ရောက်ဓါးထောက်လုယက်မှုပြုလုပ်ခဲ့သည်။
“သူတို့က ၀င်လာပြီးတော့ကျတော့ကိုဓါးနဲ့ထောက်ထားတယ်။
ပိုက်ဆံတွေ ကွန်ပျူတာတွေယူပြီးပြန်ထွက်တဲ့အချိန် ကျနော့်အလုပ်ရှင်ဝင်လာတယ်။
ကျနော့်အလုပ်ရှင် ဆီကပါထပ်ပြီးပိုက်ဆံတွေယူသွားတယ်”ဟု အင်တာနက်ကဖေးဆိုင်
၏ကွန်ပျူတာစာရေးကို စွမ်းထက်လင်းကပြောသည်။
ထိုနေ့ည ၈နာရီခွဲအချိန်က ပြည်မြို့
ရွှေကူရပ်ကွက် တရုတ်တန်းလမ်း ရှိ ဒေါင်းမင်း အင်တာနက်က ဖေးဆိုင်ကို လူနှစ်ဦး
ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်။
လူ့ယက်သူတစ်ဦးသည် လူသတ်မှု ၊
ဓါးထိုးမှု များဖြင့် တရားခံပြေးဖြစ်နေသူ ကိုဝက်ကလေး ဖြစ်ပြီး အဆိုပါဆိုင်သို့မကြာခဏ၀င်ထွက်လေ့ရှိသည်ဟုလည်းဆိုင်ရှင်ကိုငယ်လေး
ကပြောသည်။
ဖုန်းနှစ်လုံး ၊ laptop
ကွန်ပျူတာ ၊ တစ်လုံးနှင့် ငွေသား ကျပ်သိန်း ၁၇ သိန်း တို့ ကိုယူဆောင်သွားခဲ့ပြီး
စုစုပေါင်းငွေသားနှင့်ပစ္စည်းတန်ဘိုး သိန်း၃၀ခန့်ပါသွားသည်ဟု
ဆိုင်ပိုင်ရှင်ကိုငယ်လေးကပြောသည်။
လုယက်မှုဖြစ်စဉ်တွင် အင်တာနက်
ကဖေး ကွန်ပျူတာစာရေး ကိုစွမ်းထက်လင်း ဦးခေါင်း၌ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး
အင်တာနက်ကဖေးပိုင်ရှင်ကိုငယ်လေး က ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သတ်ပြီး
ရဲတပ်ဖွဲ့သို့မေးမြန်းသော်လည်း အမှတ်(၁) ရဲစခန်း တိုင်ချက်ကောက်ထားဆဲဖြစ်ပြီး
တရားခံကိုအပူတပြင်းလိုက်လံရှာဖွေနေသည်ဟုဆိုသည်။
No comments: