Header Ads

BannerFans.com
Breaking News
recent

ဇလွန်မြို့နယ်အတွင်းမှ ကမ်းပါးပြိုသဖြင့် ကျေးရွာ ၇ ရွာ နှင့် အထက်တန်းကျောင်း ၁ ကျောင်း ရွှေ့ပြောင်းခဲ့ရ

မျိုးမင်းထွန်း (မြစ်မခ)
ပုသိမ်၊ မတ်လ(၂၇)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုများ မတ်လအတွင်း ဆက်တိုက် တွေ့ကြုံနေရသဖြင့် ကျေးရွာ(၇)ရွာခန့်နှင့် အထက်တန်းကျောင်း(၁)ကျောင်း ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုကြောင့် ဇလွန်မြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ ဖိုးကနန်ထုံ၊ ဗျည်းစဉ်ကုန်း၊ ဥာဏ် ဘော့အိုင် မအူချောင်း၊ သာဓုချောင်း၊ အုန်းနှဲချောင်း၊ မင်းဇံနှင့် ရုံးတော ကျေးရွာများမှ အိမ်ထောင်စု (၆၀၀)ခန့် သည် ဇန်န၀ါရီလမှ မတ်လ(၂၆)ရက်အထိ (၇)ကြိမ်ခန့် ကမ်းပြိုကျခဲ့သဖြင့် ရွှေ့ပြောင်းနေရပြီး အနီးရှိ ဂုံညင်း တန်းကျေးရွာ အထက်တန်းကျောင်းသည်လည်း ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရသည်။

“တစ်ခါပြီးတစ်ခါ ပြိုကျနေတော့ ပြောင်းစရာမြေနေရာမရှိတာ အိမ်ထောင်စု(၁၈၀)လောက်ဖြစ်နေပြီ။ ကလေး တွေ တက်နေတဲ့ ကျောင်းကလည်းအခုမှ စရွှေ့ရမှာဆိုတော့ နောင်နှစ်အတွက် ကျောင်းတက်ချိန်မမီနိုင်ရင် ပညာရေးအခက်အခဲ ဖြစ်တော့မှာပါ။ စိုက်ပျိုးလုပ်ကိုင် စားသောက်နေတဲ့ မြေတွေလည်း ကမ်းပြိုတဲ့အထဲပါသွား လို့ လုပ်စားစရာမြေမရှိတော့ဘူး။”ဟု သာဓုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောသည်။
လတ်တလောရွှေ့ပြောင်းထားရသော အိမ်များကို အနီးရှိ ယာစိုက်ခင်းများအတွင်းနှင့် ဆည်မြောင်းဦးစီးဌာနပိုင် တာကင်းများတွင် နေရာချထားပေးနိုင်သော်လည်း ထပ်မံပြောင်းရွှေ့ရမည့် အိမ်များအတွက် မြေနေရာ မရှိကြောင်း သိရသည်။
“ကမ်းပါးပြိုကျမှုတွေအတွက် ဆည်မြောင်းဦးစီးဌာနက တာပန်းနေပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ဒီနှစ်ဘတ်ဂျတ်နဲ့ နောင်နှစ်ဘတ်ဂျတ်တွေမှာ တင်တောင်ပြီး ဘာလုပ်ရမယ်ဆိုတာ အစီအစဉ်ဆွဲထားတာကို အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေအရင်း အမြစ်ဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးလှမိုးက ပြောသည်။
ဒေသတွင်း ကမ်းပါးပြိုမှုများကြောင့် အနီးစပ်ဆုံးနေရာများရှိ လယ်မြေများမှာလည်း တစ်ဧကတန်ဖိုး ကျပ်သိန်း (၄၀)ခန့် မြင့်တက်ခဲ့သဖြင့် အိမ်မြေနေရာဝယ်ယူရန် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

No comments:

icman. Powered by Blogger.