Header Ads

BannerFans.com
Breaking News
recent

ပဲခူးခရိုင်အတွင်း ရာသီဥတုပူပြင်းလာမှုကြောင့် မီးအာမခံထားရှိမှုများပြားနေ

မျိုးမြတ် (မြစ်မခ)
ပဲခူး၊ မတ် (၁၀) ရက်။
ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များတွင် နေအိမ်များအတွက် မီးအာမခံထားရှိသူ ပိုမိုများပြားလာပြီး နေ့စဉ်(၃)ဦးခန့်  မီးအာမခံ လာရောက်ထားမှု ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။
မူရင်း http://myitmakhamediagroup.com/news/regional-news/12217/

၂၀၁၇ နွေရာသီမှာ ပုံမှန်ထက်ပိုမိုပူပြင်းလာသောကြောင့် ဒေသခံအများစုမှာ မီးဘေးအန္တရာယ်စိုးရိမ်မှုများဖြစ် ပေါ်ကာ မီးအာမခံလာရောက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် မီးအာမခံရရှိရေးအတွက် အသိပညာပေးစည်းရုံး ခြင်းများကိုလည်း မြန်မာ့အာမခံလုပ်ငန်း၏ ကိုယ်စားလှယ်များက လိုက်လံပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင် (၈)မြို့နယ်၌ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မီးအာမခံထားရှိသူဦးရေ(၁၂၁၆)ဦးရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်  ဇန်နဝါရီလတွင် (၁၃၆)ဦး၊ ဖေဖော်ဝါရီလတွင် (၁၆၂)ဦး လာရောက်ထားရှိကြောင်း သိရသည်။
“ဒီနှစ်နွေရာသီမှာ ပူပြင်းတာကြောင့် ပဲခူးခရိုင်မှာတော့ မီးအာမခံထားရှိသူတွေ ပိုများပြားလာပါတယ်။ အရင်လ  တွေက ဒီလောက်မထားကြဘဲ အခု(၁)လ၊ (၂)လအတွင်းကို တစ်လတည်းကို မီးအာမခံထားသူ(၁၀၀)ဦးကျော်  လာတယ်။ (၁)နှစ်သက်တမ်းထားရတာပါ။ အာမခံထားမယ့်အိမ် ကျပ်သိန်း(၅၀၀)ကျော်ရင် ရာဖြတ်အစီရင်ခံစာ လိုအပ်တယ်။ မီးအာမခံထားရှိမယ့်အိမ်ဟာ ဘေးပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပျမ်းမျှပရီမီယံ တွက်ချက် ပေးရတာပါ။”ဟု ပဲခူးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ခံအရာရှိ ဒေါ်သန်းဝင်းက ပြောသည်။
မီးနှင့် အထွေထွေအာမခံထားရှိမည့် သူ၏ အိမ်ကို အာမခံကြီးကြပ်ရေးအဖွဲ့မှ သွားရောက်စစ်ဆေးပြီး ကာလတန်ကြေး သတ်မှတ်၍ တစ်နှစ်စာပရီမီယံကြေးကို မြန်မာ့အာမခံလုပ်ငန်း၌ ပေးသွင်းထားရကြောင်း သိရသည်။
“နေပူပြင်းတော့ လူအများစုက မီးဘေးစိုးရိမ်လာကြတယ်။ ဒါကြောင့်မို့ မီးအာမခံထားလာကြတာပါ။ အချို့က လည်း ပုဂ္ဂလိကကုမ္ပဏီတွေမှာ မီးအာမခံထားကြပါတယ်။ ကျွန်တော်တို့ကတော့ အစိုးရမြန်မာ့အာမခံဌာနမှာ ထားရှိပါတယ်။”ဟု ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်နေ ကိုအေးမင်းက ပြောသည်။
၂၀၁၇ နွေရာသီသည် ယခင်နှစ်များထက်ပိုမိုပူပြင်းလာပြီး မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အပူချိန်(၄၀)မှ  (၄၃)ဒီဂရီဖာရင်ဟိုက်အထိ၊ အောက်ပိုင်းဒေသများတွင် အပူချိန်(၄၀)ဒီဂရီဖာရင်ဟိုက်အထိရှိနိုင်ကြောင်း မိုး လေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်၏ ခန့်မှန်းချက်အရ သိရသည်။

No comments:

icman. Powered by Blogger.