လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာတွင် မီးကြွင်းမီးကျန်မှ နေအိမ် ၁ဝ လုံးမီးလောင်
သာယာဝတီ မတ် ၆
ပဲခူးတိုင်းဒေသကြီး လက်ပံ တန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ အုပ်စု ချမ်းသာကုန်းကျေးရွာတွင် မတ်လ ၅ ရက်နေ့  မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာချမ်းသာကုန်းကျေး ရွာနေ ဒေါ်လှလှဌေး၏သုံးပင်အိမ် သွပ်မိုး ထရံကာ ဝါးခင်း နေအိမ် မီးဖိုချောင်မီးကြွင်းမီးကျန်မှစတင် ၍မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် ၄င်းရွာရှိ အနီးဝန်းကျင်နေ ဦးတင်သိန်းနှင့် ဦးမိုးဦး၏ သွပ်မိုး ထရံ ကာ ဝါးခင်းတစ်ထပ်အိမ်နှစ်လုံး၊ ဦးဇော်မိုး၏ လေးပင်အိမ် သွပ်မိုး ထရံကာ ပျဉ်ခင်းနှစ်ထပ်အိမ်တစ် လုံး၊ ဦးအေးလွင်၏ လေးပင်/သုံး ပင်အိမ် သွပ်မိုးထရံကာ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ ဒေါ်ပြုံး၏ သုံးပင်အိမ်သွပ်မိုးထရံကာ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ ဦးကျော်မင်း ၏သုံးပင်အိမ် သွပ်မိုးထရံကာပျဉ် ခင်း နှစ်ထပ်အိမ်တစ်လုံး၊ ဦးဖိုး ထောင်၏ လေးပင်အိမ်သွပ်မိုးအုတ် ကာ သမံတလင်းခင်း နှစ်ထပ်အိမ် တစ်လုံး၊ ဦးမင်းနိုင်၏သုံးပင်အိမ် သွပ်မိုးထရံကာ ဝါးခင်းတစ်လုံး၊ ဒေါ်အေးအေးမြင့်၏သုံးပင်အိမ်သွပ် မိုးထရံကာဝါးခင်းတစ်ထပ်အိမ်တစ် လုံး စုစုပေါင်း နေအိမ် ၁ဝ လုံး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၁၇ဝဝဝ ဖြစ်ပြီး မီးအား ပေါ့ဆစွာသုံးစွဲသူ ဒေါ်လှလှဌေးအားလက်ပံတန်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)
The Union Daily

No comments: