Header Ads

BannerFans.com
Breaking News
recent

ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများ သပိတ်မလှန်သေးဘဲ တောင်းဆိုချက်များကို နည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုမည်

သီဟလွင် (မြစ်မခ)
ပြည်၊ မတ်လ(၁၀)ရက်။
ယခင်အစိုးရလက်ထက် ဒီမိုကရေစီပညာရေးရရှိရေးအတွက် သပိတ်မှောက်လမ်းလျှောက်ခဲ့သော သပိတ်မှောက်ကျောင်းသားများ သပိတ်မလှန်သေးဘဲ တောင်းဆိုချက်များရရှိရေး နည်းလမ်းပေါင်းစုံဖြင့် တောင်းဆို သွားမည်ဖြစ်ကြောင်း လက်ပံတန်းအကြမ်းဖက်မှု နှစ်နှစ်ပြည့်အခမ်းအနားတွင် သပိတ်မှောက် ကျောင်းသားများကပြောဆိုလိုက်သည်။

သပိတ်မလှန်သေးဟုဆိုရာတွင် အရင်တိုင်း လမ်းပေါ်ထွက် ချီတက်ဆန္ဒဖော်ထုတ်မှုများ  ပြန်လည် ပြုလုပ်မ ည်ဟု ပြောဆိုခြင်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်း အပါဝင်အခြားနည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုမည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားတို့က ဆိုသည်။
“တကယ်တန်းသပိတ်မလှန်ဘူးဆိုတာက တောင်းဆိုချက်တွေ မရသေးလို့ သပိတ်မလှန်တာ လုပ်ငန်းစဉ် ပုံသဏ္ဍန်ကတော့ပြောင်းသွားမှာပဲ အရင်အစိုးရလက်ထက်မှာ ပုံစံတစ်မျိုးနဲ့ ကျွန်တော်တို့ တောင်းဆိုရင် တောင်းဆိုမယ် ဒီမိုကရေစီကို ဦးဆောင်ပြီး အကောင်ထည်နေတဲ့ အစိုးရလက်ထက်မှာ ပုံစံတစ်မျိုးနဲ့ တောင်းဆိုရင် တောင်းဆိုလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုတဲ့ တုန့်ပြန်ချက်ကို မူတည်ပြီးတော့ လုပ်ငန်းစဉ်ကပြောင်းကောင်း ပြောင်းသွားနိုင်ပါတယ်။”ဟု သပိတ်မှောက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောသည်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်အခမ်းအနားကို မတ်လ ၁၀ ရက် လက်ပံတန်းမြို့တွင် ပြုလုပ်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားများ တောင်းဆိုထားသည့် တောင်းဆိုချက်များကို ဆက်လက် တောင်းဆိုမည့်အပြင် အကြမ်းဖက်မှုတွင် တာဝန်ရှိသူများအား ပြန်လည် တရားစွဲဆိုမည့် အစီအစဉ် များလည်း ရှိသေးကြောင်း သပိတ်မှောက်ကျောင်းသားတို့က ဆိုသည်။
“တောင်းဆိုတဲ့ ဒီမိုကရေစီပညာရေးက ခုချိန်ထိလည်းမရသေးဘူး။ ရရှိအောင်ဆက်လက်ကြိုးစားဖို့ရှိတယ်။  အစိုးရအနေနဲ့ ကျွန်တော်တို့ကို အကူအညီဆိုတာထက် ကျွန်တော်တို့နဲအတူ တွေ့ဆုံဆွေးနွေးဖို့လိုတယ်။  ညှိုနှိုင်းဖို့ ကျွန်တော်တို့အသံတွေနားထောင်ဖို့လိုတယ် ဘာလို့ဆိုတော့ အစိုးရမှာလည်း သူတို့ရဲ့မူဝါဒ သူတို့ ပေါ်လစီရှိမှာပဲ။ အခြားသော တတ်တိပညာရှင်တွေပြောတဲ့ လက်ရှိပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြတာမျိုး ဝေဖန်တာမျိုးကို နားထောင်သင့်တယ်။”ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူရှိန်က ပြောသည်။
အဆိုပါ အကြမ်းဖက်ခံရမှု နှစ်နှစ်ပြည့် အခမ်းနားတွင် သပိတ်မှောက်ကျောင်းသားများ၊ ၀န်းရံပြည်သူများမှ အမှတ်တရ စကားပြောကြခြင်း ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ပေးပို့သော သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊   ကဗျာရွတ်ခြင်း၊ အလေးပြုခြင်းများဖြင့် အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
မူရင်းhttp://myitmakhamediagroup.com/news/public-news/12211/

No comments:

icman. Powered by Blogger.