Header Ads

BannerFans.com
Breaking News
recent

ပြည်​မြို့တွင်​​ခွေးရူးပြန်​​ရောဂါ ကာကွယ်​​ဆေးပြတ်​လတ်

မတ်​လ ၁၀ ရက်​တွင်​ ပြည်မြို့ကကုတင်ငါးရာဆန့်ပြည်သူ့ဆေးရုံ
 ကြီး ​ခွေးရူးပြန်​ ​ရောဂါကာကွယ်​​ဆေးပြတ်​လတ်​​နေပီး  ပြည်​မြို့အတွင်းရှိ​ဆေးဆိုင်​များတွင်​ ​ပါဝယ်​မရ​အောင်​ဖြစ်​​နေပါတယ်​။





မတ်​လ၉ ရက်​က ဝက်ထီးကန်မြို့၊လယ်ဘက်မှ၁၃နှစ်အရွယ်အမျိုးသမီးတဦးခွေးအကိုက်ခံရ၍ဆေးကုသရန်ရောက်ရှိဆေးကုသခဲ့ပြီး
ခွေးရှုးပြန်ရောဂါကာကွယ်ဆေး ဆေးရုံကြီးတွင်မရှိ၍ အပြင်တွင်ဝယ်ခဲ့ရာ၁၂၀၀၀ကျပ်​ ပေးခဲ့ရသည်​။နောက်နေ့ ဆေးရုံရောက်ခွေးကိုက်ခံရသူများဝယ်ရာတွင်၁၅၅၀၀ကျပ်​ပေးဝယ်ခဲ့ရသည်​။ယခု မတ်​လ ၁၀ရက်​​နေ့ ည​နေပိုင်းမှာ့​ပြည်ဆေးအရောင်းဆိုင်များ၌ခွေးရှုးပြန်ရောဂါကာကွယ်ဆေးဝယ်မရဖြစ်သွားပြီ ဟု လူမှု အဖွဲ့ ဝင်​တစ်​ဦးဖြစ်​သူကို​ကျော်​ဦးက ​ပြောပါတယ်​။

ထိုကိစ္စအား ကိုဝင်းလှိုင် ကို​ကျော်​ဦး နှင့်​ ကို​ဇော်​ထွန်း စသည့်​လူမှု အဖွဲ့ ဝင်​များက  ပြည်ဆေးရုံကြီး(ကုတင်ငါးရာဆန့်) သို့သွားရောက်ခဲ့ ပြီးဆေးလူမှုဆက်ဆံရေးဌာန်တာဝန်ရှိဆရာမနှင့်တွေ့ဆုံမေးမြန်း​ဆွေး​နွေးခဲ့ပါတယ်​။

လူနာတဦးရောက်လာလျှင်ကာကွယ်ဆေးနှစ်လုံးဦးစွာထိုးပေးသည်​။တစ်​လတကြိမ်ထိုးရမဲ့ဆေးကတလုံး နောက်တစ်​လအတွက် တလုံး စုစုပေါင်းကာကွယ်ဆေးလေးလုံးမှာ သုံးကြိမ်မြောက် ထိုးရခြင်းဖြစ်​ကြောင်း ဆရာမက ရှင်းပြသည်​။ "အခုတလတကြိမ်ထိုးရမဲ့ဆေးတလုးံစီကိုတော့အပြင်ကနေဝယ်ခိုင်းပါတယ်။ဆေးလုံလောက်မှုမရှိလို့ပါ။ဆေးပြတ်သွားပါပြီ။ပဲခူးတိုင်းဆေးရုံကြီးကခရိုင်နဲ့မြို့နယ်အလိုက်ချပေးတဲ့ခွေးရှုးပြန်ရောဂါကာကွယ်ဆေးဟိုမှာလည်းမရှိတော့လို့ပါ။ကုမ္ပဏီကလည်းဆေးပြတ်တယ်"လို့ ဆရာမကဆိုသည်​။

မြန်​မာလ တန်​​ပေါင်းတန်​ခူးမှ ကဆုန်လလောက်အထိ သည်​ခွေးရှုးပြန်ရောဂါထတဲ့အချိန်ဖြစ်​ပါတယ်​ ။တောနေလူထုမှာ ​ခွေးရူးပြန်​​ရောဂါပိုမိုဖြစ်​နိုင်​ပြီး မိသားစုအလိုက်ခွေးအကိုက်​ခံရမှုမျိုးများ လည်း ရှိပါသည်​။

ခွေးရူး​ရောဂါ ကာကွယ်​ရန်​ ​ခွေး​လေ​ခွေးလွင့်​များကို ဟင်းသား
ပစ်​အဆိပ်ခတ် သတ်​ခြင်းများ ပြုလုပ်​​လေ့ရှိ​သော်​လည်း ကန့်​ကွက်​မှုများရှိ​နေပါတယ်​။
သတင်း localnews
ကိုးကား ကို​ကျော်​ဦး​ facebook
ဓါတ်​ပုံ ကို​ကျော်​ဦး

No comments:

icman. Powered by Blogger.