Header Ads

BannerFans.com
Breaking News
recent

တောင်ငူခရိုင်တွင် ကျောင်းသားများ ဆွဲကြိုးချသေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ထပ်မံဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ကျောင်းသားများ ဆွဲကြိုးချသေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင် မတ် ၁၇ ရက် နံနက် အစောပိုင်းက တောင်ငူနည်းပညာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသားတစ်ဦး မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူ့မိသားစု ပြဿနာရှိပုံရတယ်ဗျ။ သူ့မိဘတွေနဲ့ မိသားစုပြဿနာလေးရှိတော့ ကလေးက စိတ်ညစ်သွားတာပေါ့ဗျာ။ အသောက်အစား အပျော်အပါး လောင်းကစား ဘာမှမရှိတဲ့ ရိုးရိုးသားသား စာကြိုးစားတဲ့ ကလေးတစ်ယောက်ပါ။ သံသယဖြစ်ဖွယ် မတွေ့ရှိဘူး။ အဲဒါနဲ့ အရင်ဆုံးမြင်တဲ့သူတို့ အဆောင်မှူးတို့ ပတ်ဝန်းကျင်တို့ကို မေးကြည့်တဲ့အခါမှာ ဒီကလေးက သူဒီကျောင်းမှာ နေရတာနဲ့ ပတ်သက်လို့ သူ့မှာရန်ညှိုးရန်စ စိတ်ညစ်စရာ၊ သောက်စားမူးယစ်၊ လောင်းကစား၊ ဒါတွေမရှိဘူး။ ဒါပေမဲ့ သူ့ရဲ့နောက်ပိုင်းမှာ ရှိနေတဲ့ သူ့ရဲ့အမိအဖ၊ မိသားစုရဲ့ ပြဿနာပေါ်မှာ စိတ်ညစ်နေပုံရတယ်။ ပျော်ပျော်ပါးပါး ပျော်ပျော်ရွှင်ရွှင် နေလေ့မရှိဘူး။ တစ်ဦးတည်း အေးအေးဆေးဆေး နေတယ်။ လုပ်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ အဖေနဲ့အမေ တည့်တည့်ရှုရှု နေပါပေါ့။ သူ့ရဲ့လက်ရေးနဲ့ စာရေးထားခဲ့တာတော့ တွေ့တယ်” ဟု မြို့သစ်နယ်မြေစခန်းမှူး ရဲအုပ် စိုးမင်းအောင်က ပြောကြားသည်။ဆွဲကြိုးချ သေဆုံးနေသော ကျောင်းသားမှာ မောင်အောင်ဖြိုးဝေ ၂၀ နှစ် (ဘ) ဦးစန်းမြင့်၊ ပဲနွယ်ကုန်းမြို့၊ တတိယနှစ်၊ BE-EP တောင်ငူ နည်းပညာတက္ကသိုလ်မှ ဖြစ်သည်။ ကေတုမတီမြို့သစ်၊ ၁၂ လမ်း ရွှေမြင့်မိုရ်၊ အမျိုးသား ဘော်ဒါဆောင်၊ အခန်းခြောက်တွင် အဆောင်ငှားနေထိုင်ပြီး ပညာသင်ကြားနေစဉ် မတ် ၁၇ ရက်နံနက် ၅ နာရီခန့်တွင် အဆောင်အနောက်ဘက်ရှိ ရေချိုးခန်းထုပ်တန်းတွင် ပလတ်စတစ်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေခြင်းဖြစ်သည်။

ထို့အတူ တောင်ငူခရိုင် မြို့နယ်များဖြစ်သည့် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် ကျောင်းသားများ ဆွဲကြိုးချသေဆုံးမှုများ ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် မတ် ၁၂ ရက် နံနက် ၁၀ နာရီခန့်က အုတ်တွင်းမြို့နယ်၊ ၀ဲဒေါင့်ကျေးရွာ အတွင်းရှိ ဟင်းငုတ်ပင်ဓာတ်အားခွဲရုံ ၀န်ထမ်းလိုင်းခန်းတွင် နေထိုင်သည့် မောင်စည်သူလွင်  ၁၉ နှစ်(ဘ) ဦးမြလွင်၊ ပထမနှစ်(သင်္ချာ)၊ တောင်ငူတက္ကသိုလ်မှာ ၎င်း၏အိပ်ခန်း အ၀င်အထွက် တံခါးတွင် ပလတ်စတစ်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေခဲ့ရာ အုတ်တွင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ဖွင့်လှစ်၍ လည်းကောင်း၊ မတ် ၁၀ ရက် နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ်တွင် ကိုးတန်းကျောင်းသားနှင့် ကျောင်းသူနှစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ရာ ထန်းတပင် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်ဖွင့်လှစ် စစ်ဆေးခဲ့ကြောင်း သိရသည်။
http://news-eleven.com/crime/33809
Writer: 
ဇော်ဝင်းချစ် (တောင်ငူ)

No comments:

icman. Powered by Blogger.