အသက်အငယ်ဆုံး မိခင်ဖြစ်လာမည့် ဗြိတိန် ၁၁ နှစ်သမီး ကလေးမီးဖွားတော့မည်
ဗြိတိန်နိုင်ငံမှ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ မိန်းကလေးတဦးဟာ မကြာခင် ကာလမှာပဲ နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင်တဦး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
သူဟာ ကိုယ်ဝန်ဆောင်ထားခဲ့ရပြီး မကြာခင်ကာလမှာ ကလေးမွေးဖွားတော့မှာ ဖြစ်ကာ ခင်ပွန်းဖြစ်သူဟာလည်း သူ့ထက် အသက်အနည်းငယ်သာ ကြီးတယ်လို့ ရဲတွေက ဆိုပါတယ်။
ကလေးမီးဖွားမှုနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကြောင့် ထုတ်ဖော်မပြောနိုင်သေးဘူးလို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဗြိတိန်နိုင်ငံမှာ အသက်အငယ်ဆုံး ကလေးမိခင်အဖြစ် ရှိနေသူကတော့ အသက် ၁၂ နှစ်အရွယ်၊ ၂၀၁၄ ခုနှစ်မှာ ကလေးမွေးဖွားခဲ့တဲ့ မိန်းကလေးတဦးဖြစ်ပြီး ဖခင် ဖြစ်သူကတော့ ၁၃ နှစ်အရွယ် ဖြစ်ပါတယ်။
မိခင်ဖြစ်သူ ကျောင်းသွားနေချိန်မှာတော့ သူတို့ရဲ့ ကလေးကို ၂၈ နှစ်အရွယ် အဘွားဖြစ်သူက ပြုစုစောင့်ရှောက်နေခဲ့ရတာပါ။
ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဖခင်ဖြစ်သူကတော့ ဘက်ဒ်ဖို့ဒ်မြို့မှ ရှောင်စတီးဝပ်ဒ်ဖြစ်ပြီး သူဟာ ၁၉၉၈ ခုနှစ်၊ သူ့အသက် ၁၂ နှစ်အရွယ်မှာ ဖခင်တယောက် ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလည်း အယ်လ်ဖီပက်တန် အမည်ရတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတဦးဟာ အသက် ၁၅ နှစ်အရွယ် ချစ်သူမိန်းကလေးရဲ့ ကိုယ်ဝန်ဟာ သူနဲ့ ရခဲ့တာလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအန်အေစစ်ချက်တွေအရ ကလေးရဲ့ဖခင်ဟာ သူ မဟုတ်ဘဲ အသက် ၁၅ နှစ်အရွယ် ကောင်လေးတဦး ဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါ။
No comments: