Header Ads

BannerFans.com
Breaking News
recent

Bago Weekly သတင်းထောက်ကို ထိုးနှက်ကန်ကျောက်ခဲ့သည့် မှုခင်းရှုထာင့်သတင်းထောက်အား အမှုဖွင့်

သီဟလွင် (မြစ်မခ)
ပြည်၊ မတ်လ(၁၃)ရက်။
Bago Weekly ဂျာနယ်သတင်းထောက်အား ထိုးနှက်ကန်ကျောက်ခဲ့သော ဇီးကုန်းမြို့နယ် မှုခင်းရှု့ထောက် သတင်းထောက်အား ဇီးကုန်းမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများပြုလုပ်ထားကြောင်း သိရှိရသည်။
VS
မတ်လ ၁၂ ရက်က ဇီးကုန်းမြို့နယ် ရှေ့နှင့် ဇီးကုန်းမြို့မရဲစခန်းဝန်းအတွင်းတို့တွင် Bago Weekly သတင်းထောက် ကိုသက်ခိုင်အား ဇီးကုန်းမြို့အခြေစိုက်မှုခင်းရှု့ထောင့်သတင်းထောက် ဦးမျိုးသက်မှ ထိုးနှက်ကန်ကျောက်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်၍ အထိုးခံရသူမှ ရဲစခန်းသို့ တိုင်းတန်းအမှု ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တရားမ၀င်သစ်တွေ သယ်ဆောင်နေတယ်လို့ သတင်းကြားလို့ လိုက်သွားတော့ သစ်တွေသယ်နေတာတွေ့လို့ အနီးမှာရှိတဲ့ ရဲကင်းကိုဖုန်းဆက်တယ်။ ဒါပေမဲ့ မကိုင်ဘူး အဲဒါနဲ့ သစ်ကားကို ဓာတ်ပုံ မှတ်တမ်းယူထားပြီး ပြန်ခဲ့တာ။ ယာဉ်မောင်းကတော့ ဦးမျိုးသက်နဲ့ရှင်းပြီးသားလို့ ကျွန်တော့်ကိုပြောတယ်။ အပြန်လမ်းမှာပဲ မှုခင်းရှုထောင့်က သတင်းထောာက် ဦးမျိုးသက်က ကျွန့်တော့်ဆိုင်ကယ်ကိုတားတယ်။ ဆဲဆိုပြီး ထိုးကြိတ် ကန်ကျောက်တာတွေလုပ်တော့တာပဲ ။ အဲဒါနဲ့ ကျွန်တော်ရဲစခန်းကိုသွားအမှုဖွင့်တော့ စခန်းထဲထိလိုက်လာပြီး ရဲအရှာရှိတွေ တပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ထပ်ပြီးထိုးနှက်ကန်ကျောက်တာတွေလုပ်လို့ ရဲတွေသူ့ကို ၀ိုင်းဆွဲထားရတယ်။”ဟု ဇီးကုန်းမြို့ အခြေ စိုက် Bago Weekly ဂျာနယ်သတင်းထောက် ကိုသက်ခိုင်က ပြောသည်။
လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့ကြောင့် Bago Weekly ဂျာနယ် သတင်းထောက်မှာ ဘယ်ဘက်ပါးဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက်နာနောက်ဖူးရောင်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပေါက်ဒဏ်ရာ၊ ၀မ်းဗိုက်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ရဲဆေးစာဖြင့် ဇီးကုန်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသခဲ့ရကြောင်း သိရသည်။
“ကျွန်တော်က အိမ်အဟောင်းအရောင်းအ၀ယ်လုပ်ပါတယ်။ အိမ်အဟောင်းကို ဖျက်ပြီး သယ်တာကို ဓါတ်ပုံရိုက်တယ်လို့ သတင်းကြားလို့ စိတ်လိုက်မာန်ပါဖြစ်သွားတယ်။ ဆဲတော့ မဆဲခဲ့ပါဘူး။˝ဟု ဇီးကုန်းမြို့နယ် မှုခင်း ရှု့ထောင့်သတင်းထောက် ဦးမျိုးသက်က ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Bago Weekly ဂျာနယ် သတင်းထောက် ကိုသက်ခိုင်အား ညစ်ညမ်းစွာ ဆဲဆိုပြီး ဒဏ်ရာရရှိအောင် လက်သီးဖြင့်ထိုးပြီး ခြေထောက်ဖြင့်ကန်ခဲ့သည့် မှုခင်းရှုထောင့် သတင်းထောက် ဦးမျိုးသက်အား ဇီးကုန်းမြို့မရဲစခန်းမှ (ပ)၂၇၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

icman. Powered by Blogger.