ပရဟိတပုံရိပ်ပွဲတွင် ဗေဒင်ဟောခန်းများဖွင့်လှစ်၍ ပရဟိတရန်ပုံငွေရှာ ____________________________________
ဖေဖော်ဝါရီလ ၂၄ ရက်က ပြည်မြို့ ခေတ္တရာမြို့တော်ခန်းမတွင် ပရဟိတပုံရိပ်ပွဲတော်ကျင်းပပြုလုပ်ခဲ့ပြီး ဗေဒင်ပညာရှင်များက ဟောခန်းများဖွင့်လှစ်ကာ အလှူခံခြင်းဖြင့်ရန်ပုံငွေရှာပေးခဲ့သည်။
"ဒီပွဲလေးမှာရရှိမယ့် အကျိုးအမြတ်တွေကို ဘုန်းကြီးကျောင်းတွေကို အမိုးအကာပြင်တာဆောင်ရွတ်ဖို့ဆိုတဲ့စိတ်ကူးလေးနဲ့လုပ်တာပါ။ပင်မကတော့ဗေဒင်ဂမ္မီရကိုပင်မထားလိုက်တာ အဓိကလုပ်ချင်တာကရန်ပုံငွေရှာတာ ကျွန်တော်တို့တတ်ထားတဲ့ပညာနဲ့ရံပုံငွေရှာတာပါ"ဟု စာရေးဆရာ ဗေဒင်ပညာရှင်ဆရာခန့်ကျော်စွာ မှဟြေသည်။
ထိုပွဲတွင် ဆရာမင်းသိင်္ခ၏ မှော်ဘီတလင်း အယူတော်မင်္ဂလာရတနာအောင်မြေမှ ဆရာ ၊ ဆရာမများစုစုပေါင်း (၁၄) ဦးမှ လာရောက်ဟောကြားခဲ့သည်။ဗေဒင်ဟော ဥာဏ်ပူဇော်ခမှာ အခမဲ့ဖြစ်ပြီး ဗေဒင်မေးသူများထံမှအလှူခံခဲ့ရာ ငွေကျပ် နှစ်သိန်းခြောက်သောင်းကျော်အလှူခံရရှိခဲ့သည်။
ဗေဒင်မေးသူများအပြင် ကလေးအမည်ပေးကင်ပွန်းတပ်ခြင်းများလည်း အခမဲ့ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
"ပထမဆုံးကအိမ်ထောင်ရေးမကောင်းတဲ့သူတွေတွေ့ရပါတယ်။အချစ်ရေးတွေလည်းပါပါတယ်။အခု ၁၀ တန်းစာမေးပွဲကနီးနေတော့အောင်ဖို့အတွက်ကို ကလေးတွေကအားကိုးအားထားနဲ့လာပြီးယတြာတွေတောင်းကြပါတယ်" ဟု ဗေဒင်ဆရာကောင်းစည်သူဟိန်း မှ ဟြေသည်။
ပရဟိတပုံရိပ်ပွဲတော်ကို မနက် ၉ နာရီမှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး နိုင်ငံကျော်စာရေးဆရာ ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ၊ နိုင်ငံကျော်စာရေးဆရာ အရိုး ၊ စာရေးဆရာ ဗေဒင်ပညာရှင် ဆရာခန့်ကျော်စွာတို့၏စာပေဟောဟြေပွဲများ၊ ဇေယျာသိဒ္ဓိသိုင်းအဖွဲ့၏သိုင်းစွမ်းရည်ပြပွဲများ၊ ပရဟိတစာအုပ်အရောင်းဆိုင်များ၊ Hope Charity Myanmar ပရဟိတအသင်းမှတေးသံရှင်းများ၏ဖျော်ဖြေပွဲများအပြင် စာရေးဆရာကိုပြုံး၏ ရွာရနံ့စာစုများ စာအုပ်သစ်မိတ်ဆက်ပွဲကိုလည်းပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
#ပြည်သတင်းစဉ်
09798259649
No comments: