ပင်လုံညီလာခံထောက်ခံပွဲ ဗီနိုင်းပိုစတာ ပျောက်ဆုံးမှု တိုင်ကြားထား
ပဲခုးတိုင်း ပြည်ခရိုင်
ရွှေတောင်မြို့ နယ် ပြည်-ရန်ကုန် လမ်းမ တွင် ချိတ်ဆွဲထားသော
၂၁ရာစုပင်လုံညီလာခံထောက်ခံပွဲ ဗီနိုင်းပိုစတာ သည် မေလ ၎
ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ရွှေတောင်မြို့ မရဲစခန်းသို့ တိုင်ကြား
ထားသည်။
"တကယ်တန်း
ကားတိုက်သွားတယ်ဆိုလည်း ကြိုးပြတ်ရမယ်။ အစိတ်အပိုင်းတွေ
လွင့်ကျန်ခဲ့ရမယ်။ တစ်စုံတစ်ယောက်က
ယူသွားပြီးဖျောက်ဖျက်ပစ်တယ်လို့ယူဆတယ်"ဟု ရွှေတောင်မြို့နယ် nld
အလုပ်အမှု ဆောင် အဖွဲ့ အတွင်းရေးမှူး ဦးမင်းမော်သိန်းက
ပြောသည်။
ပြည်မြို့တွင် ၂၁ ရာစုပင်လုံညီလာခံထောက်ခံပွဲ လှုတ်ရှားမှုများပြုလုပ်နေစဉ် ဓါတ်ပုံ ရေခဲ (ပြည်)
မေလ ၃ ရက်တွင် ပြည်ခရိုင်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ရာစုပင်လုံညီလာခံ လူထုထောက်ခံပွဲ
စာသားပါ အလျား ပေ ၂၀ အနံ ၃ ပေ ရှိဗီနိုင်းကို ရွှေတောင်မြို့
ချည်မျှင်နှင့် အထည်စက်ရုံ အနီး ပြည်-ရန်ကုန် ကားလမ်းတွင်
သွယ်တန်းထားခဲ့ခြင်းဖြစ်သည်။
"ရွှေတောင်ရဲစခန်းမှာ
အတွင်းရေးမှူး အနေနဲ့ အမှု ဖွင့်တော့ စခန်းမှူးက လိုက်ကြည့်တယ်။ တရားခံ
ကိုရှာပြီးမှ အမှူ တည်ဆောက် လို့ ရမယ်လို့ပြောတယ်"ဟု
ဦးမင်းမော်သိန်းကဆိုသည်။
မေ ၇ ရက် တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦး ပြည်မြို့ သို့
လာရောက်မည်ဖြစ်ပြီး ပြည်မြို့တွင် ၂၁
ရာစုပင်လုံညီလာခံထောက်ခံဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။
ဟောပြောပွဲမတိုင်မှီ ပြည်မြို့
နှင့် ရွှေတောင်မြို့ များ၌ ၂၁ ရာစုပင်လုံညီလာခံထောက်ခံ ရေး
လှုတ်ရှား မှု များအနေဖြင့် ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်း
၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်းများ ပြု လုပ် နေသည်။
No comments: