လိမ်တူချစ်သူများခွဲခြားဆက်ဆံခံရမှု လျော့ပါးရေးအတွက် အစိုးရမှအကူအညီပေးရန်လိုအပ်ဟုဆို
“ကျနော်တို့
ဘက်က လည်း ကျနော်တို့ကို နားလည်လာအောင် ခွဲခြားဆက်ဆံမှုတွေ လျော့ပါးသွားအောင် လုပ်ဆောင်နေတယ်။
ထိုနည်းတူစွာ အစိုးရ ဘက်ကလည်းကျနော်တို့ကို အကူအညီပေးပါ။ ပံ့ပိုးပေးပါ။ ပစ်ပယ်မထားပါနဲ့
၊ လျစ်လျူ ရှု မထားပါနဲ့ ”ဟု ပြည်မြို့
sky dragon LGBT GROUP ဥက္ကဌ ကိုငြိမ်းက ပြောသည်။
ထိုနေ့မနက်
၉ နာရီက ပြည်မြို့ တွင် အပြည်ပြည်ဆိုင်ရာ လိမ်တူချစ်သူများအား ကြောက်ရွံ့ မုန်းတီးနေမှုအား
ဆန့်ကျင်ရေးနေ့အထိမ်းအမှတ်အဖြစ် လိမ်တူချစ်သူများ နှင့် လူ့ အခွင့်အရေးတက်ကြွလှုတ်ရှား
သူများ စုပေါင်းကာ ဆိုင်ကယ်များဖြင့် မြို့တွင်းသို့ လှည့်လည်ခဲ့ကြပြီး ဗီနိုင်းပိုစတာများ
ကဒ်ခြင်း ၊ လက်ကမ်း စာဆောင်များဖြန့်ဝေခြင်းများကိုပြုလုပ်ခဲ့သည်။
အစိုးရသစ်
လက်ထက်တွင် ရဲအာဏာပိုင်များ၏ စောင့်ကြည့်ဖမ်းဆီးခြင်းများ လျော့ပါးလာသော်လည်း စာသင်ကျောင်းများတွင်
ဆရာဆရာမများ၏ ခွဲခြားဆက်ဆံမှု များရှိနေသေးသည်ဟုလည်း ကိုငြိမ်းကပြောသည်။
ပြည်မြို့နှင့်
အနီးပတ်ဝန်းကျင်တွင် LGBT အဖွဲ့ဝင် ၁၂၇ ဦးရှိပြီး အများစုများ အိမ်ထောင်တည်ထောင် ထားကြသည်ဟုသိရသည်။ဓမ္မတာမဟုတ်သော
လိမ်ဆက်ဆံမှု ပုဒ်မ ၃၇၇ သည်လည်း ဖိနှိပ်တားဆီးမှု
တစ်ခုဖြစ်ပြီး လိမ်တူချစ်သူများ အနေဖြင့် မိသားစုဘ၀ တည်ဆောက်လိုသည်ဟုလည်း ၄င်းကပြောသည်။
“ကျနော်တို့
မိသားစုဘ၀တည်ဆောက်ချင်တယ်။ ကျနော်တို့တွေဒီလိုမျိုးနေတယ်ဆိုရင် များသောအားဖြင့် အိပ်ရာပေါ်က
ကိစ္စတွေဘဲမြင်နေကြတာများတယ်။ ကျနော်တို့က အဲ့လိုမဟုတ်ပါဘူး။ ချစ်ခြင်းဖြင့်အရင်းတည်ပြီး
တည်ဆောက်ထားတဲ့မိသားစုဘ၀တွေပါ”ဟု sky dragon LGBT GROUP ဥက္ကဌ ကိုငြိမ်းကဆိုသည်။
No comments: