အမုန်းစကား မပြန့်ပွားရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိ
ရေခဲ( ပြည်)
ပဲခူး၊ ဧပြီ ၁ ။ ။ အမုန်းစကားများ မပြန့်ပွားရေး အတွက် အသိပညာပေးဆွေးနွေးပွဲများ ကို ဗမာ့အရေးလေ့လာစောင့် ကြည့်ရေးအဖွဲ့ BMGက ပြုလုပ်ပေးလျှက်ရှိကြောင်း ၄င်းအဖွဲ့ တာဝန်ခံ မရည်မွန်က ကပြောသည်။
"Social media ကနေ အမုန်းစကားဖြန့်ဝေတာတွေက တစ်နေ့တစ်ခြား များလာတယ်။ ဘာသာရေးပရိပက္ခတွေ မဖြစ်ပေါ်ဖို့ အမုန်းစကားတွေလျော့ကျသွားအောင် ဆွေးနွေးပွဲတွေလုပ်တယ်"ဟု မရည်မွန်က ဆိုသည်။
ထိုအဖွဲ့ သည် ရန်ကုန်တိုင်း ရွှေပြည်သာ ၊ ပဲခူးတိုင်း သဲကုန်း ၊ ဆင်မြီးဆွဲ ၊ ပေါင်းတည် တို့တွင် ဆွေး နွေးပွဲများ ပြုလုပ်ခဲ့ ပြီး ပြည်သူတစ်ဦး ချင်းစီ၏ ငြိမ်းချမ်းရေး နှင့် မတူကွဲပြား မှု ဆိုင်ရာ သဘောထားမှတ်ချက်များ ကိုလည်း ကောက်ခံခဲ့သည်။ ရန်ကုန်တိုင်း သံလွင် နှင့် လှိုင်သာယာ ၊ ဧရာဝတီတိုင်း တို့တွင်လည်း အလားတူ ဆွေးနွေးပွဲများပြုလုပ်သွားမည်ဟု ၄င်းက ပြောသည်။
ဧပြီ ၁ ရက်နေ့က ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ လူမှုရေး ၊ နိုင်ငံရေး တက်ကြွလှုတ်ရှားသူများ အပါအဝင်ဒေသခံ ပြည်သူ ၅၀ ခန့်တက်ရောက်ဆွေးနွေးခဲ့သည်။
" သတင်းစာ Online တွေ ရဲ့ Comment တွေမှာ အများစုက ဆဲထား ကြတာတွေ့ရတယ်။ အရင်၆၆ (ဃ) မသုံးခင်တုန်းက တိုက်ရိုက်ဆဲကြတယ် ။ အခု အကောင့် အတုတွေနဲ့ ဆဲကြတယ်"ဟု မရည်မွန်ကပြောသည်။
www.mizzimaburmese.comမှကူးဖော်ပြသည်။
No comments: