အကြီးစားပျက်စီးခဲ့သည့် ပုဂံဘုရားအဆူ(၅၀)ကို ဧပြီလဆန်းတွင် ပြုပြင်မည်
အေမီအောင် (မြစ်မခ)
ရန်ကုန်၊ မတ် (၂၂) ရက်။
အကြီးစားပျက်စီးခဲ့သည့် ရှေးဟောင်း ပုဂံဘုရား အဆူ(၅၀)အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို ဧပြီလ ဆန်းပိုင်းတွင် စတင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ ဌာနခွဲ)မှ သိရှိရသည်။
ငလျင်ဒဏ် စတင်ဖြစ်ပေါ်သည့် အချိန်တွင် သာမန်နှင့် အသေးစားထိခိုက်ပျက်စီးသော စေတီ၊ ပုထိုးများကိုသာ ပြုပြင်မှုများရှိခဲ့ပြီး ဧပြီလတွင် နရသီဟပတေ့ဘုရား၊ မင်္ဂလာစေတီကဲ့သို့သော ပျက်စီးမှုများသည့် ဘုရားအဆူ (၅၀)ကို စတင်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
“ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ အကြီးစားပျက်စီးတဲ့ဘုရားအဆူ(၅၀) ကိုပြုပြင်မယ်။ ဆောက်လုပ်ရေးဝန် ကြီးဌာနဖက်ကတော့ ဧပြီလဆန်းမှာစတင်မယ်။ ကျွန်တော်တို့ဌာန ရှေးဟောင်းကတော့ သင်္ကြန်ပြီးမှစမယ်။ စူ ဌာမဏိလို ဘုရားတွေ၊ မင်္ဂလာစေတီလိုဘုရားတွေကျတော့ လုပ်ငန်းပမာဏကြီးတော့ ယန္တရားကြီးတွေနဲ့ အသုံး ပြုရတယ်။ ပျက်စီးမှုများတယ်။ လုပ်ငန်းပမာဏ နည်းနည်းကြီးတဲ့ဘုရားတွေကို ဆောက်လုပ်ရေးကိုလွှဲရတယ်။” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ပထမအဆင့် ဦးစားပေးပြုပြင်ရန်လိုအပ်သည့် ဘုရားများအနက်မှ အကြီးစားပျက်စီးသည့်ဘုရားအဆူ( ၂၀)၊ ဒု တိယအဆင့်ဦးစားပေးမှ အကြီးစားပျက်စီးသည့် ဘုရား(၁၅)ဆူ၊ တတိယဦးစားပေးမှ ဘုရား(၁၅)ဆူ၊ စုစုပေါင်း ဘုရားအဆူ(၅၀)ကို ပြုပြင်မည်ဖြစ်ပြီး ဇန်နဝါရီလအတွင်းပြုပြင်ရန် လျာထားခဲ့သော်လည်း ပညာရှင်များ၏ အကြံပြုချက်များ၊ အသေးစိတ်တွက်ချက်မှုများအရ ဧပြီလဆန်းတွင် ပြုပြင်မည်ဖြစ်သည်။
“အကြီးစားပြုပြင်တဲ့ဘုရားတွေထဲ ဆို စူဌာမဏိဘုရားဆို နှစ်ချီကြာမယ်။ (၃)၊ (၄)နှစ်လောက် အချိန်ယူရမယ်။ အခုပြင်တာက နည်းစနစ်တကျပြုပြင်မှုတွေဖြစ်တယ် ။ ယူနက်စကိုက ဆောက်လုပ်ရေးပညာရှင်တွေ၊ မြန်မာနိုင် ငံ ဗိသုကာအသင်းက ပညာရှင်တွေလည်းပါမယ်။ အရင် ၇၅ ငလျင်နဲ့ ၉၇ ခုနှစ်နောက်ပိုင်းကာလက ပြင်ထား တာတွေက ပြိုကျပျက်စီးသွားတဲ့အတွက် ရှေးမူမပျက်ပြန်လည်ပြုပြင်ဖို့ အခွင့်အလမ်းကောင်းဖြစ်တယ်။”ဟု ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းေ ရး ဦးဆောင် ကော်မတီဝင် ဦးဆန်းဝင်းက ပြောသည်။
ပုဂံဒေသတွင် ၂၀၁၆ သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ဘုရားပေါင်း(၃၈၅)ဆူပျက်စီးခဲ့ ပြီး ၂၀၁၇ ဒီဇင်ဘာလတွင် ထိခိုက်ပျက်စီးမှုနည်းပါးသော စေတီ၊ ပုထိုး(၂၂၄)ဆူအား ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ကြော င်း သိရသည်။
No comments: