ဇီးကုန်းတွင် ရေခဲသေတ္တာဆေ့ဂတ် အပူလွန်ရာမှ အဆောက်အအုံသုံးလုံး မီးလောင်ဆုံးရှုံး
ရေခဲသေတ္တာဆေ့ဂတ်အပူ လွန် မီးလောင်ရာမှ လူနေအ ဆောက်အအုံ သုံးလုံးဆုံးရှုံးမှု ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ဖြစ်ပွားခဲ့သည်။
မတ်လ ၁၈ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့သည့် ယင်းမီး လောင်မှုကြောင့် အမှတ်(၂)ရပ် ကွက် မင်းဘူးလမ်းရှိ နှစ်ထပ်တိုက်အိမ်တစ်လုံး၊ သွပ်မိုးပျဉ်ကာအိမ် တစ်လုံးနှင့် အသေးစားချေးငွေ ဘဏ်၏ သွပ်အမိုးများပျက်စီးဆုံး ရှုံးခဲ့ကြောင်း ဇီးကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။ မီး လောင်ကျွမ်းမှုကို မီးသတ်ကား ရှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါမီးလောင်မှုကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ငါးသိန်းလေးသောင်းကျပ်ခန့်မှန်းထားပြီး မီးစတင်လောင်ကျွမ်းရာ နေအိမ်ရှိ အသက် (၄၄)နှစ်အရွယ် အမျိုးသားကို မီးပေါ့ဆမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ရသည်။
‘‘မီးလောင်တာ တစ်နာရီ လောက်ကြာတယ်။ ပူပြင်းခြောက် သွေ့ပေမယ့် လေငြိမ်နေတာကြောင့် တော်သေးတယ်။ မီးလောင်တဲ့နေရာက မြို့ပေါ်ရပ်ကွက်ဆို အိမ်ကြီးအိမ်ကောင်းတွေနဲ့ အိမ်ခြေလည်း စိပ်တယ်။ မီးလောင်အားပြင်းတယ်။ နေအိမ်နှစ်လုံးရဲ့ အပေါ်ထပ်တွေ အကုန်လုံးနီးပါးလောင်ပြီး အသေးစားဘဏ်ကတော့ အမိုးတစ်ခြမ်း လောင်သွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတယ်လို့တော့ မကြားမိဘူး’’ဟု ဒေသခံအမျိုးသားတစ်ဦးကပြောကြားသည်။
http://www.7daydaily.com/story/92123
No comments: